****
မြင့်ပန်းခေတ် သူဝတ်ထားသည့်ဝတ်စုံကိုကြည့်ကာ သဘောတကျ ဖြစ်နေသည်။ အကြောင်းမှာ သူချစ်ရသူနှင့်အတူ တွဲဖက်ညီ ဆင်တူဝတ်စုံ ဝတ်ထားရခြင်းကြောင့်"မောင် လှလား"
မြင့်ပန်းခေတ်က သူ့ကိုယ်ကို တပတ် လှည့်ပြီးပြောသည်။
"အင်း"
ခွန်းဓနရှင် မတ်တပ်ရပ် လက်ပိုက်ကာ မြင့်ပန်းခေတ်ကို အကဲခတ်နေ၏ မြင့်ပန်းခေတ်က သူနဲ့အတူ ပွဲတက်ခွင့်ရလို့ ပျော်နေပုံ
"သွားမယ်"
"ဟုတ်မောင် လာပြီ"
ခပ်သွက်သွက်လေးပြေးလာကာ ခွန်းဓနရှင်၏ လက်မောင်း တစ်ဖက်ကို ချိတ်ဆွဲလိုက်ပြီး....
"မောင် ချစ်တယ်နော်"
"...."
အရှေ့ရောက်တော့ ကောင်လေးက ထောပတ်သီး ရောင် T-shirt လေးကို pant အဖြူရောင်နှင့် တွဲဝတ်ထားသည်။ ပန်ဒါ ပုံစံလွယ်အိတ်လေးကလည်း ပါသေး။ ဆံပင် ဖွာဖွာ လေးက နဖူးထက်ဝဲကျနေသည်။ ပုံစံလေးက ကလေးပေါက်စ စတိုင်
"ဒါဘယ်လည်း ဇင်းဒြာ"
ဇင်းဒြာ သူတို့အပေါ်ထက်ကနေ ဆင်းလာတည်းကမြင်လိုက်သည် မြင်လိုက်လို့လည်း တမင် ကျောပေးလိုက်တာ ဟိုအမနဲ့တွဲတွေ့တာကို နေသားကျအောင်နေရတာ အဆင်ပြေ နေခြင်းတော့မဟုတ်
"ဪ....သူငယ်ချင်းအိမ်သွားမလို့"
"ယောင်္ကျားလေး လား မိန်းကလေး လား"
"ယောင်္ကျားလေး"
ခွန်းဓနရှင် မျက်ခုံးနှစ်ဖက်ပို တွန့်ချိုး၍ မျက်လုံး စူးစူးရဲရဲ တစ်စုံနှင့် ဇင်းဒြာကို စိုက်ကြည့်ပြီး....
"ဟိုကောင် ဗစ်လာ အိမ်လား"
စိုက်ကြည့်နေတဲ့မျက်လုံး တွေကြောင့်ဇင်းဒြာ ခေါင်းကိုအောက်ငုတ်ချပြီး အသံခပ်ထစ်ထစ် အဖြေပြန်ပေးလိုက်သည်။
"ဟုတ်....ဟုတ်ကဲ့"
"မသွားရဘူး ဒါအလုပ်ချိန်"
"ဗျာ....သားအလုပ်က.... မနက်ပိုင်းတစ်ချိန်နဲ့ ညနေပိုင်းတစ်ချိန်ပဲဆို"

YOU ARE READING
Coffee [bl]
Fanfiction(ဓနသိဒ္ဓ) အိမ်တော်ရဲ့ အမွေဆက်ခံသူ ခွန်းဓနရှင်သည်coffeeဆိုင်ကကောင်လေးကိုချစ်မိသွားသော်အခါ "ကိုယ့်ကိုခုတော့ မချစ်တော့ဘူးပေါ့ ဟုတ်လားဇင်းဒြာ" အချိန်ခနလေးအတွင်းတစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ခါခါ ချစ်မိသွားခဲ့တဲ့ficမျိုးပါ ❗တခြားသာသာနှင့်တူသွားခဲ့သည်ရှိ...