****
မြင့်ပန်းခေတ် ဆေးရုံတစ်ရုံ ရှေ့တွင်ကားရပ် နေတာ1နာရီပင်ကျော်ပြီ သူ့ကိုဘယ်သူမှမြင်မည်မဟုတ် ကားမှန်ကိုတင်ထားတာကြောင့်ပင်၊ ကားအသစ်လည်း လဲထား၍ သူမှန်းလည်းဘယ်သူမှ သိမှာမဟုတ်ပေ။
ရတိ နဲ့ ဇင်းဒြာ ကဆေးရုံထဲဝင်သွားတာ ကြာလှပြီ shopping ထွက်လာရင်း လမ်းမှာ ရတိနဲ့ ဇင်းဒြာ taxi ငှားတာတွေ့တာကြောင့် ဘယ်သွားမလည်းသိချင်လို့လိုက်ခဲ့တာ အဓိက အကြောင်းအရင်းက
မသင်္ကာ ဖြစ်လို့ ရတိပုံစံက ဇင်းဒြာကို တအား ဂရုစိုက်နေသည်။ ဒီကောင်လေးက ယောင်္ကျားတကာနဲ့ ဒီလိုပဲလား မောင်လည်း တခြား ယောင်္ကျားတွေလို လှည့်စားခံခဲ့ရတာ သေချာတယ် အခုလည်း ဘာအကြောင်းကြောင့် ဆေးရုံထဲဝင်ပြီး ဒီလောက်ထိ ကြာနေတာလည်း10မိနစ်လောက်အကြာ ထပ်စောင့်တော့ ထွက်လာသည်။ ဇင်းဒြာက သူနှင့်လိုက်ဖက်ညီ နေကာ မျက်မှန် နှင့် ရတိက ဆေးအိတ်တစ်ချို့ ဆွဲထွက်လာသည်။
"ရတိ ကျေးဇူးပါကွာ မင်းရှိလို့တော်သေးတယ်"
"မလိုပါဘူးဗျာ ကိုကြီးဇင်း နောက်တစ်ပတ်ရက်ချိန်းဆိုမျက်မှန်ရပြီ ဒီရက်ပိုင်းတော့ နေကာ မျက်မှန်စောင်းထား အလင်းတွေလည်းသိပ်မကြည့်နဲ့ အကိုဖုန်းကြည့်လျှော့ရမယ် စောစော အိပ်ရမယ် ကျွန်တော် ဆေးသောက်ချိန် ပုံမှန်ဆေးလာတိုက်ပေးမယ် အားရှိတာတွေစားရမယ် ဦးနှောက်အနားပေးဖို့ ကိုတော့ အင်း.....ကိုကြီးဓနကိုခွင့်တောင်းရမလား.....ဪ နောက်တစ်ပတ်ကိုကြီးအလုပ်ပိတ်ရက်ဆိုရင်ရောနေ့ချင်းပြန်.....အဲ့လိုဆိုရင် ကိုကြီးဇင်းပိုပင်ပန်းမှာ နေ့ချင်းပြန်လုပ်လို့ရတဲ့ခရီးလည်းမဟုတ်ဘူး ဝေးတယ် "
ရတိ တတွတ်တွတ် ပြောနေတာကို ဘေးလမ်း ကပ်လျှောက်ရင်း ဇင်းဒြာ အာရုံစိုက် နားထောင်နေလိုက်၏ ရတိက အရာရာ အားကိုးရတဲ့ကောင် ကိုယ့်ညီ အရင်းတစ်ယောက်လို ကို ခံစားရသည်။
"ရပါတယ် ခရီးသွားဖို့ကို နောက်မှပေါ့ အကိုက ခရီးထွက်ချင်စိတ်လည်းမရှိပါဘူး"
"ဟာ....မဟုတ်ဘူးလေ အကိုချင်းပြည်ရဲ့အနှစ်သာရ ကိုခံစားကြည့်လိုက်ဦး ရူးသွားမယ် အဟမ်း"

YOU ARE READING
Coffee [bl]
Fanfiction(ဓနသိဒ္ဓ) အိမ်တော်ရဲ့ အမွေဆက်ခံသူ ခွန်းဓနရှင်သည်coffeeဆိုင်ကကောင်လေးကိုချစ်မိသွားသော်အခါ "ကိုယ့်ကိုခုတော့ မချစ်တော့ဘူးပေါ့ ဟုတ်လားဇင်းဒြာ" အချိန်ခနလေးအတွင်းတစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ခါခါ ချစ်မိသွားခဲ့တဲ့ficမျိုးပါ ❗တခြားသာသာနှင့်တူသွားခဲ့သည်ရှိ...