part 7 (uni/zawgyi)

4.2K 111 3
                                        

****

"ဒီမှာ အန်ကယ်"

မြင့်ပန်းခေတ် ကမ်းပေးလာတဲ့ဖုန်းကိုဦးသတိုးယူလိုက်ကာ ပုံတွေကိုတစ်ပုံ ချင်းစီဆွဲယူ ကြည့်ပြီးတော့....

"ဆိုပါအုံး သမီး"

"သူတွဲနေတဲ့ကောင်လေးပါ အန်ကယ် သူ့လူတစ်‌ယောက်က သမီးကိုဓါတ်ပုံရည်ရွယ်ချက်ရှိရှိပို့လာတာ....သမီးစိတ်ပူတယ် သမီး‌မောင်နဲ့....မောင်နဲ့အမြန်ဆုံးစေ့စပ်ချင်ပြီ"

"ကျော်တေကို ဒီကိစ္စပြောပြပြီးပြီလား"

"သမီးမပြောရသေးပါဘူး ဒယ်ဒီသိရင် မောင်နဲ့ ပြဿနာဖြစ်မှာဆိုးလို့ပါ"

"‌ဟုတ်ပြီ အန်ကယ်တို့ သဘတ်ခါစေ့စပ်ပွဲ
လုပ်ကြတာပေါ့"

မြင့်ပန်းခေတ်ကြေနပ်သွားပြီး ဦးသတိုးနှင့်စကားအနည်းငယ်ထပ်ပြောကာ ခွန်းဓနရှင်အိမ်သို့ ကားမောင်းထွက်ခဲ့သည်။

ခြံဝန်းအကျယ်ကြီးထဲ ကားရပ်ပြီး ကားပေါ်က ဆင်းတာနှင့် မြင့်ပန်းခေတ်အတွက် မမြင်ချင်‌ပေမဲ့ တွေ့ရအုံးမည့် ကောင်စုတ်လေး မျက်နှာကိုမြင်ရ၏ ရတိနှင့်ပြုံးပျော်ရွှင် ခြံထဲပတ်ကြည့်နေပုံက ပိုင်ရှင်ကသူတို့နှစ်ယောက်ပုံ ရတိ ဆိုတာမောင့်ရန်သူရဲ့ ညီ ထိုနှစ်ယောက်လုံးကိုဘယ်လိုမှကြည့်မရ

"‌ဟိုကောင်လေး"

မြင့်ပန်း‌ခေတ်ခေါ်တာကြောင့်နှစ်ယောက်လုံးလှည့်ကြည့်လိုက်၏ ဘယ်သူ့ကိုခေါ်မှန်းမသိ နာမည်ထည့်မခေါ်ခြင်းကြောင့် နှစ်ယောက်လုံးအကြောင်သား

ဦးဓနနှင့်ဟိုတလောက နှစ်ယောက်သားစကားပြောနေတဲ့ အမ အဲ့အမက ဦးဓနနဲ့စကားပြောပြီး ငိုနေတာ ဦးဓနနဲ့ အဲ့အမနဲ့ ဆိုင်လာဖူးတာမှတ်မိသည်။

ဇင်းဒြာထက်အရပ်စားတဲ့ မြင့်ပန်းခေတ် ဇင်းဒြာ နှင့်ခပ်ကပ်ကပ်ရပ်ပြီး လည်ပင်းမှကော်လံစ ကိုတင်းတင်းကြပ်ကြပ် ဆွဲကိုင်မတော့ ‌အနည်းငယ်ခြေဖျားထောက်ပါလာ၏

"မင်းကို သည်းခံနေတာကြာပြီ မှတ်ထားမင်းရည်းစားဆိုတဲ့ ခွန်းဓနရှင်က ငါနဲ့နောက် တစ်ရက်ဆိုစေ့စပ်တော့မဲ့သူပဲ အလုပ်သမားက အလုပ်သမားလိုပဲနေ အဆင့်ထက်တက်ဖို့မစဥ်းစားနဲ့ မင်းနဲ့မောင်ရဲ့ဆက်ဆံရေးကို မင်းအရှက်ရှိရင်ခုရပ်ပေး"

Coffee  [bl]Where stories live. Discover now