****
အလုပ်ကိစ္စနဲ့ အဝေးထွက်သွား သူကို ဇင်းဒြာ အလွမ်း သယ်ရပါပြီ သူမရှိတော့ တကယ်ပျင်း၏
အိမ်မှာလည်း သူ့လူအစောင့် တွေတော့ရှိပေမယ့် ရင်နှီးရောနှောပြီး ဖောဖောသီးသီး စကားပြောဟယ်တော့မရှိ ရစ်တ် နှင့် ရတိ ရှိပေမယ့် ရတိကလည်း online class တက်ပြီး စာနဲ့ နပန်းလုံးနေရသံကြားသည်။ ရစ်တ် နဲ့တော့ အခေါ် အပြောလောက်သာရှိပေမယ့် ဖော်ရွေပြီး စကားပြောလောက်တဲ့ထိ အဆင်ပြေတဲ့ ဆက်ဆံရေးရယ်တော့မဟုတ်။ ပြီးတော့သူ့အလုပ်နဲ့သူသာ ကိုယ်ပဲအလုပ်မရှိအကိုင်မရှိဖြစ်နေတာဖြစ်သည်။တင်းတောင်း!
ခြံထဲက ပန်းတွေအပျင်းပြေ လိုက်ကြည့်ရင်း ခြံရှေ့တွေင် ဘဲတီးသံတော့ကြား၏ လှမ်းသာကြည့်ရယ်ပဲရှိပြီး ဇင်းဒြာသွားတော့မကြည့် ဦးဓန လူတွေ တံခါးဖွင့်ပြီး စကားပြောသံ ကြားပေမယ့် ဒီတိုင်းသာ နေလိုက်သည်။
ဘယ်သူမို့ အဝင်မခံလည်းတော့ မသိပေ ။ * boss ကဘယ်သူ့ကိုမှဝင်ခွင့်ပြု မထားဘူး*ဟူသည့် အသံ ဆဆကိုတော့ ကြားရပါ၏။ ဇင်းဒြာ သိချင်၍ ခြံတံခါး ရှေ့သွားတော့။ အဲ့လူကသူ့ကိုမြင်တော့ မျက်လုံး တွေကလက်ကနဲပင် ။
" ညီ ကို လေ "
ဒီတိုင်းကြည့်တာ မမြင်ရ၍ ကိုင်ထားတဲ့ မျက်မှန်ဗူးထဲမှ မျက်မှန် လေးကို ထုတ်တပ်မှ ထိုလူမျက်နှာကို ကြည်ကြည်ရှင်းရှင်း မြင်ရ၏ ပြဿနာတစ်ချို့ဖြစ်ပြီးကတည်းက မြင်ရရယ်မရှိတော့တဲ့ အကိုလို ဖြစ်ရတဲ့သူ။
" အာ ကိုဗစ်လာ "
ထိုအခါမှ ခွန်းဓနရှင်လူတွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နောက်ဆုတ်ပေးသည်။ ဇင်းဒြာလည်း သူ့အနားသွား၍
" ဒီကိုဘာလာလုပ်တာလဲ "
" မင်းကွာ...ကိစ္စရှိမှလာရမှာလား...မင်းကိုအမြဲလာလာရှာနေတာသိလား ဟမ်! "
မျက်လုံးဆူးဆူးတို့နှင့် မာထန်နေသည့် သူကတော့ တကယ်ကို ဘာဖြစ်မှန်းမသိ အရင်က တစ်ခါလေးတောင်မမြင်ဖူး ခဲ့တဲ့ပုံစံမို့ အနည်းငယ်လန့်မိသည်အထိ
" ဗျာ "
" ဒီနေ့ အကို့မွေးနေ့မို့လိုက်ခဲ့ "

YOU ARE READING
Coffee [bl]
Fanfiction(ဓနသိဒ္ဓ) အိမ်တော်ရဲ့ အမွေဆက်ခံသူ ခွန်းဓနရှင်သည်coffeeဆိုင်ကကောင်လေးကိုချစ်မိသွားသော်အခါ "ကိုယ့်ကိုခုတော့ မချစ်တော့ဘူးပေါ့ ဟုတ်လားဇင်းဒြာ" အချိန်ခနလေးအတွင်းတစ်ယောက်နဲ့တစ်ယောက် နှစ်နှစ်ခါခါ ချစ်မိသွားခဲ့တဲ့ficမျိုးပါ ❗တခြားသာသာနှင့်တူသွားခဲ့သည်ရှိ...