Chapter 6

6.4K 301 7
                                    

စိတ်စေရာ - 6

ဆရာနဲ့ အက္ခရာ က အသက် 10 တိတိကွာကြသည်။ဆရာအတတ်သင် တစ်နှစ်ပတ်လည်လုံး ဆရာက အက္ခရာ ကိုတော်တော်လေးဂရုစိုက်ပြီး သင်တန်းကျောင်းမှာပဲနေရတဲ့အတွက် ကျန်းမာရေး ကအစဂရုစိုက်သည်။အက္ခရာ ရဲ့ရောဂါလက္ခာတွေကို ဆရာကသေသေချာချာသိတော့ ရေချိုးရင်လည်း အမြဲ သတိပေးပြီး အစားအသောက်မမှားအောင်ထိ ဂရုစိုက်ပေးလေ့ရှိသည်။အပြင်ထွက်ရင်လည်း ဆရာက အက္ခရာ သွားချင်တဲ့နေရာတွေကိုသေချာလိုက်ပို့၏။နှစ်ဝက်လောက်ရောက်သည့်အခါ အက္ခရာ နဲ့ ဆရာ့ရဲ့ဆက်ဆံရေးက အတော်လေးတိုးတက်လာပြီး ဆရာက အက္ခရာ ရဲ့မိသားစုဝင်သဖွယ်ဖြစ်လာခဲ့ပါသည်။

ဒီလိုနှင့် အက္ခရာ အသက် နှစ်ဆယ် ပြည့်သည်အထိ ဆရာက အက္ခရာ နဲ့အတူအမြဲ ရှိနေပေးခဲ့ပါသည်။ ဂေဟာမှာ အက္ခရာ နဲ့ဆရာက မူလတန်းလေးတွေကို စာပြကြသည်။ စာအပြင် အက္ခရာ က ပန်းချီဆွဲသင်ပေးသလို ဆရာက ဂစ်တာတီးရင်း ကလေးတွေကို ပျော်အောင်ထားသည်။ကျန်းမာရေးအရလည်းဆရာကပဲကလေးတွေကိုကြည့်ရှုပေးလေ့ရှိသည်။

အက္ခရာ ဒီနေ့ အစောကြီးနိုးနေ၏။အမှန်တိုင်းပြောရရင် ညကလည်း အတော်လေးနောက်ကျမှ အိပ်ပျော်ခဲ့တာဖြစ်သည်။ပြက္ခဒိန် အား အမှန်ခြစ်လေးတစ်ခုခြစ်လိုက်ပြီးနောက် ပြုံးလိုက်မိသည်။အက္ခရာ လေ အစ်ကို ကိုနေ့စဥ်ရက်ဆက် စောင့်မျှော်နေခဲ့တာဖြစ်သည်။အစ်ကို ပြောသလို ထမင်းလည်းစားတယ် ဆေးလည်းသောက်ပြီး သင်တန်းကျောင်းကိုလည်းမပျက်မကွက်တက်ရောက်ခဲ့သည်။ဂေဟာမှာလည်းစာသင်ပေးတဲ့ဆရာအဖြစ်ရှိနေပြီ ဒီနေ့ အစ်ကို ပြန်လာမည့်နေ့ပဲ စ ထွက်သွားတဲ့နေကတည်းက သူတို့နှစ်ယောက်ကြား အဆက်အသွယ်ဆိုတာမျိုးလည်းမရှိ ဖုန်းခေါ်ဆိုမှုလည်းမရှိခဲ့ကြပါ။အက္ခရာ မနက်စောစောထကာ ရေမိုးချိုးပြီး အဝတ်အစားတွေသေချာပြင်ဆင်၏။မနက်စာစားပြီးနောက်ဆေးသောက်၏။7 နာရီထိုးတော့ ခြံထဲသို့ဆရာရောက်လာခဲ့သည်။ဆရာ့ကို လေယာဥ်ကွင်းသို့လိုက်ပို့ရန် အက္ခရာ တောင်းဆိုထားတာဖြစ်သည်။

“သားရယ် ဘယ်အချိန်ပြန်လာမယ်မှန်းမသိဘဲနဲ့ သွားစောင့်မနေပါနဲ့ စောင့်ချင်လည်း အိမ်မှာပဲစောင့်နေပါလား”

စိတ်စေရာ(Complete)Where stories live. Discover now