Chapter 13

6K 243 5
                                    

စိတ်စေရာ - 13

ကိုမိုးမာန် ပြောသည့်စကားကို ဆက်ပြီးနားမထောင်ချင်တော့တာကြောင့် ဖုန်းကိုတမ်းချပစ်လိုက်သည်။ပွဲတွေ မတက်ချင်တာ သူ့အကျင့်ပဲကို အရင်ကဆို ဘယ်ပွဲမှ မတက်ဘူး လိုအပ်တဲ့နေရာ သေချာဒေါင့်စေ့အောင်စီစဥ်ပေးခဲ့တာချည့်ပဲကို

ဒီနေ့တော့ ဦးလေးမင်း ကြောင့်ပွဲတက်ရမှာမှန်ပေမဲ့ ကလေးနေမကောင်းနေတာကိုပြစ်ပြီးသူမသွားချင်ပါ။ဆရာဝန်ဆီဖုန်းဆက်လိုက်ပြီး အမြန်လာရန်မှာလိုက်သည်။ကလေးငယ်အားနွေးထွေးနေအောင် ဆောင်ဖြင့်အလုံထုတ်ပေးလိုက်၏။ သူထသွားရင် လန့်နိုးမှာစိုးတာကြောင့် ယုဂန် မှာ ထ မသွားရဲပေ။

နာရီဝက်လောက်ကြာတော့ ဆရာဝန်ရောက်လာပြီး အဖျားကျဆေးထိုးပေးသွားသည်။အရမ်းပင်ပန်းတာကြောင့်ရော အအေးပတ်တာကြောင့်ပါဖျားသွားတာဖြစ်သည်။တော်သေးတာက သူ့ရောဂါထ မဖောက်တာပဲ။ ဆေးအရှိန်နဲ့အိပ်ပျော်နေအုံးမှာမလို့ ယုဂန် ရေဝင်ချိုးပြီး  Bathrobe ဖြင့်သာ အက္ခရာ ဘေးနားသို့ ဝင်ထိုင်နေခဲ့သည်။နှုတ်ခမ်းဖူးဖူးလေးတွေက သူနမ်းထားတာကြောင့်ရဲတွတ်နေပြီး လည်ပင်းနဲ့ ဂုတ်စပ်နားလေးတွေအပြင် နားရွက်ဖျားလေးကအစ သူ့ကြောင့် အရာတွေကျန်နေ၏။ထိုအခါ ယုဂန် စိတ်ထဲ ဂုဏ်ယူသလိုပင်ဖြစ်လာ၏။

နေ့လည် 3 နာရီလောက်ကျတော့ နားလာတော့ ယုဂန်  အက္ခရာ ကိုပွေ့ချီပြီး ရေချိုးခန်းဆီသို့ခေါ်လာခဲ့လိုက်သည်။မျက်နှာသစ် သန့်ရှင်းရေးလုပ်ပေးပြကြီးနွဲ့ကြီးနွဲ့ကာပို့သည့် ဆန်ပြုတ် ပူပူလေးကို တိုက်ရသည်။ဆိုဖာပေါ်မှာ ငြိမ်သက်ပြီးထိုင်နေတော့ ယုဂန် ကိုယ်တိုင် သူ့ကို ခွံ့ကျွေးရသည်။ဖျားလျှင်ငြိမ်ကျသွားတတ်တာ ငယ်ငယ်လေးကတည်းကပင်။အခုထိ သူ့အကျင့်လေးတွေကမပျောက်ပေ။ အနွေးထည်ထူထူထည်းထည်းကြား၌ မြုပ်နေသည့် ကိုယ်လေးကိုကြည့်ပြီး သူ့မှာ အသည်းယားမိပြန်သည်။

“တော်ပြီ မသောက်ချင်တော့ဘူး…”

“နည်းနည်း ထပ်သောက်ဦး ကလေးရဲ့ ပြီးကျရင် ဆေးသောက်ရဦး မယ် မင်းဖျားနေတယ်လေ”

“ဟင့်အင်း…… ကျွန်တော့်ကို ဂရုစိုက်သလိုဟန်ဆောင်မနေနဲ့ “

စိတ်စေရာ(Complete)Where stories live. Discover now