S2 Chapter (8)

3.8K 192 9
                                    

စိတ်စေရာ - 8

"နီနီ သူ့ကိုဆေးသေချာတိုက် တစ်ရက်မှ ပျက်လို့မရဘူး .... ကျွန်တော်ပြောတာတွေ သေချာမှတ်ပါ.... သူ့အနားမှာ ရှိနေပေးပါဦး... ဆေးမသောက်တာမျိုး ထမင်းမစားတာမျိုးဆိုရင် ကျွန်တော်ပြန်မလာတော့ဘူးဆိုပြီးပြောပေးပါ ဒါတွေကိုပြောခိုင်းခဲ့တယ်ဆိုတာ သိအောင်ပြောပေးပါ.... သူ့ကိုပန်းချီဆွဲဖို့ သီချင်းနားထောင်ဖို့တွေနဲ့အာရုံပြောင်းပေးထားပါ အချိန်တိုင်းငိုနေလို့တော့မရဘူး.... တစ်ခုခုဆိုဖုန်းဆက်လိုက်...."

"သူဌေး ဒီမှာ ပဲ နေလို့မရဘူးလားရှင် ....အက္ခရာ လေးအခြေအနေကသိတဲ့အတိုင်းပဲ ဆရာ အနားမှာမရှိရင် မရှိသလို ရောဂါက ဆိုးသွားတတ်တာ..."

"ကျွန်တော် အချိန်လိုသေးတယ် ... မဟုတ်ရင် ကျွန်တော်ဘာကိုမှ ဖြေရှင်းနိုင်မှာမဟုတ်ဘူး .... အချိန်ခဏလောက်ပေးပါ.... အက္ခရာ ကိုသေချာ ဂရုစိုက်ပေးဖို့မျှော်လင့်ပါတယ် ....."

ယုဂန် အဝတ်အိတ်ကိုဆွဲကာ ထွက်လာခဲ့သည်။ကျန်ခဲ့သည့်ဒီကလေးကိုစိတ်မချနိုင်ပေမဲ့ သူ့စိတ်ကိုအကောင်းဆုံးပြန်လည် ပြင်ဆင်ချင်မိသည်။အရာအားလုံးအကျိုးအကြောင်းဆီလျှော်စွာ တွေးတောပြီး သေချာလေးအချိန်ယူကာစဥ်းစားချင်မိတယ်။ ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး

※※※※

အက္ခရာ နိုးလာသည်အခါ ဘေးမှာ နီနီ ရှိနေသည်။ အစ်ကို ရှိမနေတာကြောင့် အက္ခရာ စိတ်ဟာ ချုံးချုံးကျ သွားသလိုပင်။ အသက်ရှူရတာတောင်ပင်ပန်းလာသလိုခံစားလိုက်ရသည်။အက္ခရာ လက်သီးကို တင်းကြပ်နေအောင်ဆုပ်လိုက်သည့်အချိန် လက်ဖဝါးဆီသို့ လက်သည်းများက စိုက်ဝင်လို့လာသည်။ထိုနာကျင်မှုကိုပင် အက္ခရာ မခံစားရဘဲ နှလုံးသားကသာနက်နက်နဲနဲနာကျင်လို့နေသည်။

အက္ခရာ မျက်ရည်လည်းမကျနိုင်တော့ပါ။ခွင့်မလွှတ်ပေးနိုင်တဲ့ အစ်ကို ရဲ့အမှားမဟုတ်ဘဲ အမှားလုပ်ခဲ့သူက အက္ခရာ သာဖြစ်သည်။ အစ်ကို က အက္ခရာ ကရွံသွားပြီဆိုတာ လည်းသိပါတယ် သူသေမတတ် တားဆီးပေမဲ့ အညှာအတာမရှိ ထွက်သွားသည့် အစ်ကို ကိုမုန်းမိပေမဲ့ သူ့ကိုယ်သူသာ ပိုမိုမုန်းတီးမိသည်။

စိတ်စေရာ(Complete)Where stories live. Discover now