S2 Chapter (4)

3.7K 149 2
                                    

စိတ်စေရာ - 4

အက္ခရာ ကို အချိန်ကြာကြီး နမ်းရှိုက်ပြီးနောက် အရှိန်ကို သတ်ကာ အိမ်သို့ပြန်လာခဲ့ရသည်။အိမ်ထိရောက်တော့လည်း ရင်ခွင်ထဲမှာ နေပြီး ခဏခဏ နမ်းဖို့ပဲပြော၏။ ဘယ်လောက်တောင် လွမ်းနေလဲဆိုပြီး ယုဂန် ကလေးကို သနားမိသွားပြီးနောက်တစ်ခါ ဒီလို Oversea ကိုမသွားဖို့ကြိုးစားရမည်။သွားရင်လည်းကလေးကို ခေါ်သွားမှဖြစ်မယ်

တစ်နေကုန်ပင်ပန်းထားတာမို့ ညစာစားပြီး ခဏလောက်နေပြီး တန်းအိပ်ပျော်သွားသည်။မနက်ဖြန်အတွက် Scheduled တောင်းကြည့်တော့ သူ့မန်နေဂျာက Photo shooting ရှိကြောင်းပြောတော့ ယုဂန် လည်းမနက်နိုးသည်နှင့် ကလေးနှင့်အတူပြင်ဆင်ရင်း ဓာတ်ပုံ Studio ကို အတူလိုက်သွားပေးခဲ့သည်။

"အဝတ်တွေကမဆိုးဘူး.... မင်းနဲ့လိုက်တယ်"

"တကယ်လား.... ပြန်ရင် သွားဝယ်မယ် အစ်ကို နဲ့ဆင်တူဝတ်ကြမယ် "

"အင်း ...."

အင်္ကျီ သေချာဝတ်ဆင်ပြီး Stylish အမက accessories တွေပြင်ပေးနေတုန်း အစ်ကို ကဘေးနားကနေ စကားပြောပေးနေတာဖြစ်သည်။ အကုန်ပြီးစီးသွားတော့ ဒီနေ့ အက္ခရာ နဲ့အတူရိုက်ရမဲ့ ဝသာန် ကလည်းအသင့်ဖြစ်နေပြီ Magazine cover မှာ ယှဥ်ထားပေးမှာရော Jun က ပထမကတည်းက ဒီbrand ရဲ့ ambassador ဖြစ်ပြီး အက္ခရာ.ကတော့အခုမှ ပထမဆုံး ရိုက်ရတာဖြစ်သည်။

နှစ်ယောက်သား နည်းနည်း skinship ပိုင်းလေးတွေရိုက်ရတော့ ယုဂန် ကို မသိမသာလှမ်းကြည့်လိုက်မိသည်။မျက်ခုံးတွေတွန့်ကျိုးနေတာကြောင့် သဘောမကျဖြစ်နေမှန်း အက္ခရာ ခံစားလိုက်ရသည်။ အရင်ကတည်းက တခြားသူတွေနဲ့တွဲပြီး အလုပ်လုပ်တာမျိုးကို မကြိုက်ဘူးဟု အစ်ကို ပြောထားခဲ့ဖူးတာကို သတိရမိသွား၏။

ရိုက်ကူးရေးတစ်ဖြတ်နားတော့ အက္ခရာ လည်း အစ်ကို နားကို ပြေးသွားပြီး ထိုင်လိုက်ကာ

"အစ်ကို... ဘာဖြစ်လို့လဲဟင်"

"Magazine လေးရိုက်တာ အဲ့လောက်ထိပူးကပ်စရာလိုလို့လား"

"အာ ကိုကိုကလည်း အလုပ်ပဲကို..."

"ကျစ် အဓိပ္ပာယ်မရှိတာ Brand အတွက် Photo shoot ပဲကို BL title အောက်မှာ အလုပ်လုပ်နေတာမှမဟုတ်တာ "

စိတ်စေရာ(Complete)Where stories live. Discover now