စိတ်စေရာ - 8
အိမ်သို့ရောက်သည့်အခါ အက္ခရာ အခန်းထဲသို့အလျှင်အမြန် ပြေးဝင်သွားခဲ့သည်။လှေကားထစ်တွေကိုတောင်သတိမထားနိုင်ခဲ့။ရေချိုးခန်းထဲသို့ဝင်လိုက်ပြီးအဝတ်တွေအကုန်ချွတ်ကာ ရေပန်းအောက်မှာ ထိုင်ချလိုက်၏။ ရင်ဘက်ထဲက နာပြီး ငိုချင်တာပဲသိသည်။ အက္ခရာ ဘာဖြစ်နေလဲဆိုတာကို အက္ခရာ တကယ်မသိတော့ပါ။
တစ်ပတ်နည်းပါးလောက် မိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက် အိမ်ထဲမှာ ဝင်ထွက်နေကြသည်။အက္ခရာ စိတ်တွေပုံမှန်မဟုတ်တာကို သတိထားမိလာသည့်အခါ စိတ်ငြိမ်ဆေး သောက်ရင်း ဂေဟာမှာပဲ ဆရာဝန်နှင့်ပြကာ အကြောဆေးပါသွင်းလိုက်၏။တစ်နေကုန်နေလို့မကောင်းတဲ့အခါ အက္ခရာ ကလေးတွေကို စာမပြနိုင်ဘဲ တစ်ချိန်လုံးနားနေခဲ့ရသည်။
ပုံမှန်အတိုင်း အိမ်သို့ပြန်ရောက်သည့်အခါ ရေမိုးချိုးပြီး ထမင်းစားတောင်မဆင်းနိုင်ဘဲဆေးသောက်ပြီး အိပ်ပျော်သွားသည်။နေမကောင်းသည့်အခါတိုင်း ဆက်သွယ်ရေး ခလုတ်လေးအားဖွင့်တာအကျင့်ပါနေတာကြောင့် ဒီနေ့မှာ အက္ခရာ သတိလက်လွတ် ဖွင့်ထားမိတာဖြစ်လေသည်။
“အာ့…အာ့….ကိုကို အာ့ “
“Shit. ….. ဟမ်း….”
“အင့် ကိုကို အာ့ ကောင်းတယ် ! အာ့ အာ့ ….”
ဖက် ဖက် ဖက်
အက္ခရာ ထိုအသံတွေကြောင့်လန့်နိုးလာပြီး အိပ်လို့မရတော့ပေ။နားနှစ်ဖက်ကို လက်ဖြင့်ပိတ်ထားပေမဲ့ ထိုအသံတွေကို ကြားနေရဆဲဖြစ်သည်။ဘာအသံတွေလဲဆိုတာ အက္ခရာ မသိပေမဲ့ အစ်ကို ရဲ့ ပြင်းရှရှ အသံကိုတော့ အက္ခရာ သိပါသည်။နားနှစ်ဖက်ကို ပိတ်ထားရင်း ခေါင်းကို ဒူးနှစ်ဖက်ကြားဖွက်ထားမိသည်။မျက်စိကိုစုံမှိတ်ထားသည့်အခါ မျက်ရည်စီးကြောင်းတွေက ပါးပေါ်ကိုဖြတ်သန်းသွား၏။အက္ခရာ ထိုအသံတွေအားမကြားချင်ပါ ထိုမိန်းကလေးအသံကိုရော အစ်ကို အသံကိုပါ မကြားချင်ခဲ့ပါ။အက္ခရာ ခြေချောင်းလေးတွေ တဖြည်းဖြည်း ကုပ်လာရင်း ခေါင်းလေးက တစ်ဆက်ဆက် စောင်း နေပြီဖြစ်သည်။ အက္ခရာ ဆေးသောက်ထားပါလျှက်နဲ့ဘာလို့များဖြစ်နေရတာလဲ။ ဆေးဘူးဆီသို့လက်လှမ်းမိသည့်အခါ နားထဲကို ပုံစံတူအသံတွေက ဝင်ရောက်လာပြန်သည်။အိပ်ဆေးနှင့်အကြောဆေးကို အတင်းမြိုချပြီး စောင်ကိုခေါင်းအထိ လုံအောင်ခြုံလိုက်သည်။ထို့နောက် အက္ခရာ အိပ်ပျော်သွားပါတော့သည်။
YOU ARE READING
စိတ်စေရာ(Complete)
RomanceSky💙 Uke လေးက Autism လေးပါ လင်းယုဂန် လင်းအက္ခရာ စကားလုံးများတိကျစွာပါဝင်ပါသည်။ Update day - Tue , Wed