Chapter 9

6.4K 264 7
                                    

စိတ်စေရာ - 9

“ကြီးနွဲ့ ဘာဖြစ်လို့လဲ”

“အက္ခရာ လေးနေသိပ်မကောင်းလို့ သခင်လေး သူ့ဆရာအခန်းထဲမှာစောင့်ပေးနေတာ ဆရာ့အတွက် ဖျော်ရည်လေးသွားပို့ပေးမလို့ပါ”

ယုဂန် အလိုမကျစွာ အပေါ်ထပ်သို့တက်လာပြီး အခန်းထဲမှာ အချိန်တော်တော်ကြာထိုင်နေလိုက်မိသည်။သူ့အခန်းထဲထိဝင်ပြီး ပြောရင် ကလေးဆန်ရာကျမှာရော သိက္ခာကျတယ်လို့တွေးမိပြန်သည်။အက္ခရာ နေမကောင်းလို့ဆိုတဲ့အကြောင်းပြချက်နဲ့ ဝင်သွားရင် သူကအက္ခရာ ကို ဂရုစိုက်နေတယ်လို့ အထင်မှားတာမျိိုးကိုမလိုချင်ပါ။ အိမ်ကို မလာခိုင်းထားတဲ့ကို သူကဘာသတ္တိနဲ့အခန်းထဲထိခေါ်သွင်းထားတာလဲ။ယုဂန် စိတ်ပျက်လာ၏။ရေချိုးသန့်ရှင်းရေးလုပ်ပြီးနောက် Party အတွက်ပြင်ဆင်ရင်း ကိုမိုးမာန် နဲ့အတူ ထွက်လာခဲ့လိုက်သည်။

Party ပွဲမှာ CEO, DM,နှင့် တခြားလုပ်ငန်းရှင်တွေအတော်တက်ရောက်ကြ၏။ယုဂန် ကလည်း လူငယ်ဖြစ်ပေမဲ့ ရာထူးက သေးတဲ့အထဲမှာမပါပေ။ShinNo ရဲ့ပိုင်ရှင်ဖြစ်သည့်အလျှောက် အခြား လုပ်ငန်းရှင်တချို့က မျက်နှာလာပြကြသည်။စိတ်အခြေအနေမကောင်းပေမဲ့ Party မှာ လုပ်ငန်းကိစ္စတွေကိုဦးတည်ဆွေးနွေးပြီးနောက် cocktail  counter bar မှာထိုင်ရင်း တစ်ခွက်ပြီး တစ်ခွက်ယူသောက်မိပြန်သည်။

ယုဂန် ရဲ့ခံစားချက်တွေက ရှုပ်ထွေးသထက်ရှုပ်ထွေးနေသည်။အက္ခရာ အပေါ်မှာ ထားတဲ့ခံစားချက် အတွက်သူဘယ်လိုခေါင်းစဥ်မျိုးတပ်ရမယ်ဆိုတာကို လုံးဝကိုမသိတော့ပါ။ အက္ခရာ ကို သူအရင်ကတည်းက သူ့အုပ်ထိန်းမှုအောက်မှာ ထားပြီး အုပ်ထိန်းခွင့်အပြည့်အဝကို အရယူခဲ့တာ။သူစိတ်ရှိရင် အက္ခရာ ရဲ့နေတဒူဝ ဝတ်ဆင်ရမဲ့အဝတ်အစားကိုတောင် စီမံချင်သည်အထိပဲ။ အက္ခရာ ကို အဲ့လူနဲ့မပေါင်းစေချင် ဘာကြောင့်လဲဆိုရင် ယုဂန် မသိဘူး။ဒီအတိုင်း အက္ခရာ အနားမှာကပ်နေတာကိုမကြိုက်၊ အက္ခရာ ကိုကြည့်တဲ့မျက်လုံးတွေကိုမကြိုက်ဘူး နောက်ပြီး အဲ့ကောင် အက္ခရာ အ
ပေါ်ဘယ်လိုစိတ်ထားနေလဲဆိုတာကအစ ယုဂန် ကိုစိတ်ရှုပ်ထွေးစေတယ်။ စိတ်ရှုပ်ထွေးမှုတွေကြောင့် ညတိုင်းမိန်းကလေးတွေ တစ်ယောက်ပြီးတစ်ယောက်ခေါ်အိပ်ခဲ့ရတယ်။ဒီနေ့တော့ ဘယ်မိန်းမကိုမှခေါ်မနေချင်တော့ဘူး။

စိတ်စေရာ(Complete)Where stories live. Discover now