စိတ်စေရာ - 6
" ကိုယ် လိုက်ပို့ပေးရမလား"
"ဟုတ် အစ်ကို လိုက်ပို့ပေး"
"ဘာပွဲလဲဆိုတာ ကိုယ့်ကိုမပြောဘူးလား ဘာလို့လဲ"
"အစ်ကို.... ဟိုရောက်ရင်သိမှာပါ Trailer လည်းပြမှာ "
"အင်း....အင်းပါ သေသေချာချာလေးပြင်ဆင်နေတာပဲ ကိုယ်တောင် သဝန်တိုနေပြီ"
"ဟင်..."
"ချစ်စရာကောင်းနေတော့ သူများတွေမြင်မှာကိုမလိုချင်တော့ဘူး သူများတွေကကြည့်မှာကို စိတ်တိုလို့.... လာပါဦး ကိုကို့ ကို နမ်းပေးပါဦး"
ကိုကို့ ကို စိတ်ကျေနပ်အောင် နမ်းလိုက်ပြီး
"ကိုကိုကလည်း ကိုကိုက .....အက္ခရာ ရဲ့အပိုင်လေ အက္ခရာ.... ကလည်း ကိုကို့..... အပိုင်ပဲ..... အဲ့တာကြောင့် သဝန်မတိုပါနဲ့...... နော် အလုပ်ပဲလေ ..... ကျွန်တော်တို့ အလုပ်နဲ့ Personal ခွဲထားကြမယ်လေ ...."
"ဟ ... ဟား.... ဟုတ်ပါပြီဗျာ ကိုကို့ ကလေးလေးက ပြောမှတော့ ကိုကိုက နားထောင်ရမှာပေါ့"
ယုဂန် စကားကြောင့် အက္ခရာ အတော်လေးစိတ်သက်သာရာရလိုက်သည်။ ဒီအတိုင်း အက္ခရာ မျှော်လင့်ထားသလို ယုဂန် က အက္ခရာ အတွက် ဂုဏ်ယူပေးပြီး အက္ခရာ ကိုချီးကျူးပေးဖို့ပဲ ။ အက္ခရာ ကသာအတွေးလွန်နေတာမျိုးပဲ ဖြစ်စေချင်သည်။ပွဲကိုရောက်တော့ ယုဂန် က ရှေ့ဆုံးက VVIP တန်းမှာ ထိုင်ရပြီး အက္ခရာ တို့ကတော့ ကြေငြာချက်တွေ အပြီး စင်ပေါ်မှာ အားလုံးတက်နေသည်။
ပထမဆုံး Trailer ကို Screen ပေါ်စတင်ပြသတော့ အက္ခရာ ရဲ့ပုံလေးတွေကစ၏။ဖြူစင်ပြီး အပြစ်ကင်းစင်တဲ့ မျက်နှာလေးအဖြစ်ပေါ့ Autism နေရာကပဲ သရုပ်ဆောက်ရပြီး မွေးစားအစ်ကို ဖြစ်သူရဲ့ ဂရုစိုက်မှုတွေကိုလက်ခံရပေမဲ့ ခြူချာလွန်းတဲ့ဇာတ်သရုပ်။ တဖြည်းဖြည်းနဲ့ပြောင်းလဲသွားတဲ့ဇာတ်လမ်းတွေအပါ ဇာတ်ရှိန်တက်သည့်နေရာတွေပြသနာတွေ Drama ပိုင်းတွေနဲ့နောက်ဆုံးမှာ အိပ်ယာခန်းကိုပြသရင်း အက္ခရာ နဲ့ ဝသာန် နမ်းတဲ့အပိုင်းတစ်စွန်းတစ်စ ကိုပါထည့်ပါလာသေးသည်။ အက္ခရာ ချက်ချင်းပဲ အစ်ကို ကိုလှမ်းကြည့်လိုက်တဲ့အခါ အစ်ကို က ကျောက်ရုပ်အလားငြိမ်သက်စွာ ကြည့်နေခဲ့ပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလျှက်ပင်
YOU ARE READING
စိတ်စေရာ(Complete)
RomanceSky💙 Uke လေးက Autism လေးပါ လင်းယုဂန် လင်းအက္ခရာ စကားလုံးများတိကျစွာပါဝင်ပါသည်။ Update day - Tue , Wed