စိတ်စေရာ - 2
ယုဂန် အင်္ကျီစကိုဆွဲထားတဲ့လက်လေးတစ်ဖက်အား ဂရုမစိုက်စွာ ရုန်းထွက်ပြီး ထိုလူအုပ်ကြားတည်းကနေထွက်လာခဲ့လိုက်သည်။ သူကိုယ်တိုင်ရေထဲတွန်းချခဲ့တာပဲ ဘယ်လောက်ကြာကြာ ထိုကောင်လေးက ကယ်ပါဆိုပြီးအော်ခေါ်နိုင်မှာ မဟုတ်ဘူးဆိုတာကို ယုဂန် သိသည်။ခဏအကြာ ထိုကောင်လေးသေဆုံးသွားတော့မှာ။လင်းအက္ခရာ သာသေသွားခဲ့ရင် မာမီရော ဒယ်ဒီက ယုဂန်ကိုပဲချစ်ကြတော့မှာ။ ယုဂန် ကိုယ်တိုင်လိုချင်တဲ့အရာက ဒီအရာပဲကို ဘာကြောင့် ကယ်ခဲ့မိတာလဲ ဘာကြောင့်လဲဆိုတာမသိတော့ဘူး
ဖြူစင်ပြီး သနားစရာကောင်းတဲ့မျက်ဝန်းတစ်စုံနှင့် ချစ်ခင်သနားစဖွယ်အသံလှိုင်း အစ်ကို တဲ့လား ဘာကြောင့် ဒီလိုခေါ်ရတာလဲ
ယုဂန် ထိုနေရာကနေပြေးထွက်လာမိသည်။အားလုံးကစိတ်ပျက်စရာကောင်းလှပါသည်။
“အေးနေသေးလား သားငယ်လေး”
“ဆရာဝန်ရောက်လာပြီ သဒ္ဒါ”
အက္ခရာ ကုတင်ပေါ်မှာ လှဲလျောင်းနေပြီး မျက်လုံးလေးတွေမှိတ်ထားခဲ့သည်။သူ့မျက်လုံးထဲမှာ ဒေါသ တကြီးဖြစ်နေတဲ့ အစ်ကို ရဲ့မျက်ဝန်း၊အစ်ကို ရဲ့အကြည့်တွေပဲရှိနေခဲ့သည်။တစ်ခုခုကြောင့် ရေတွေရှိတဲ့ကန်ထဲကိုပြုတ်ကျသွားပြီး အစ်ကို ကကယ်ပေးခဲ့တာဖြစ်သည်။အစ်ကို ကို သူ့ကို ကယ်ခဲ့တာ
ဆေးစစ်ပြီးနောက်အအေးမမိစေရန် မှားကြားပြီးဆေးလုံးတွေပေးသွားပြန်သည်။အက္ခရာ ဆေးတွေအမြဲသောက်နေရတာကို ငြီးငွေ့နေပြီဖြစ်ပါသည်။
“သားလေး အိမ်ပြန်ကြမယ်နော် “
“အစ်ကို….”
“အကို သားလေး စကားစပြောနေတာသတိထားမိလား သူ့ အစ်ကို ကိုပဲခေါ်နေတာ”
“သူ့ အစ်ကို ကိုချစ်ရှာမှာပါ ခေါ်ပေးလိုက်သဒ္ဒါ “
သဒ္ဒါ တစ်ယောက် သားကြီးရှိရာကို သွားရှာရင်း သားကအပြင်အောက်မှာ ထိုင်နေတာကိုတွေ့လိုက်ရသည်။သူသားအနားဖြည်းဖြည်းချင်းလျှောက်သွားတော့ သားကငေးငိုင်ဆဲဖြစ်၏
YOU ARE READING
စိတ်စေရာ(Complete)
RomansaSky💙 Uke လေးက Autism လေးပါ လင်းယုဂန် လင်းအက္ခရာ စကားလုံးများတိကျစွာပါဝင်ပါသည်။ Update day - Tue , Wed