စိတ်စေရာ - 5
အဖွားနှစ်ယောက်စကားကို မည်သူကမှ မတုံ့ပြန်ကြပေ။ယုဂန် ကိုယ်တိုင်ကလည်းအမွေတွေအား အက္ခရာ ကိုခွဲပေးချင်စိတ်မရှိဘူး။အမြဲလိုလို မိဘတွေရဲ့အချိန်ကိ လုယူခဲ့တဲ့အတွက် ဘာအတွက်မှ သနားညှာတာချင်စိတ်မဖြစ်ခဲ့ပါ။ဂေဟာမှာပဲသူအရင်ကနေခဲ့သလို မိဘမဲ့ကလေးတွေနဲ့အရင်လိုပြန်နေခိုင်းပြီး ဂေဟာမှာပဲရှင်သန်ခိုင်းချင်သည်။
“ပြီးတော့ ယုဂန် လေးကပညာပြီးမြောက်အောင် မသင်ကြားရသေးဘူး မိဘတွေအစားကုမ္ပဏီကိုဦးဆောင်ရဦးမှာဆိုတော့ ကျွန်မကတော့ Canada ကိုခေါ်သွားချင်တယ် မြေးလေး လုပ်ချင်တဲ့အနုပညာအလုပ်တွေကိုတော့ ဘွဲ့ရပြီးမှ တစ်ဖက်တစ်လမ်းကပြန်လုပ်ပေါ့ မဟုတ်လည်း အပြီးအတိုင်ရပ်နားပြီး ကုမ္ပဏီ အလုပ်ပဲလုပ်စေချင်တယ်”
“ဒါဆို သခင်လေးကို Canada ကိုခေါ်သွားကြမှာလား သခင်မကြီး”
“ဟုတ်တယ် နွဲ့ “
ကြီးနွဲ့က မျက်နှာမကောင်းစွာ အက္ခရာ ကိုငုံ့ကြည့်သည်။ယုဂန် လည်း ထိုကောင်လေးဘယ်လိုပုံမျိုးဖြစ်နေလဲဆိုတာသိချင်တာကြောင့် ကြည့်လိုက်တဲ့အချိန် ထိုကောင်လေးက သူ့ကိုစိုက်ကြည့်နေရင်း လိုက်သွားဖို့အတွက်ကို ငြင်းဆန်နေသည့်အလား တားဆီးနေသည့်အလား။မျက်ရည်ဥလေးများက မျက်ခမ်းစပ်မှာ တွဲလွဲခိုလို့နေကြသည်။
သူ့ကိုချစ်ပေးတဲ့သူတွေမရှိတော့သည့်အခါ ဒီ Autism ရောဂါသည်ကလေးက ရှေ့လျှောက် သူ့ဘဝဘာတွေဆက်ဖြစ်မယ်ဆိုတာသိပါရဲ့လား
ခဏအကြာ ရှေ့နေကြီးတစ်ယောက်ဝင်လာပြီး မာမီတို့ရဲ့သေတမ်းစာကို ပြောပြလာသည်။
အက္ခရာ ကို စပြီးမွေးစားခဲ့စဥ်ကတည်းက အမွေစားအမွေခံမွေးဖွားခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့် အကြောင်းတစ်ခုခုကြောင့် ကျွန်တော် ကျွန်မတို့ဆုံးပါးခဲ့ကြပါလျှင် သားကြီးနှင့် သားငယ်သည် ကျွန်တော် ကျွန်မတို့နှစ်ယောက်စလုံးပိုင်ဆိုင်သော ငွေကြေးဥစ္စာများအားတစ်ဝက်စီပိုင်ဆိုင်ရရှိသင့်ပါသည်။ အရာအားလုံးတစ်ဝက်စီဆိုတာက အိမ်မှာအတူတူနေထိုင်ကာ ဂေဟာကိုလည်းအတူတူစောင့်ရှောက်ကြရပါမယ်။ကုမ္ပဏီ ၊စက်ရုပ် ၊သင်တန်းကျောင်းများကို ယုဂန် ကဦးဆောင်လုပ်ကိုင်ပြီး ရရှိသော အကျိုးအမြတ်ကို နှစ်ယောက်ခွဲဝေသုံးစွဲရပါမည်။ယုဂန် ညီလေးကို အကောင်းဆုံးပြုစုစောင့်ရှောက်ပြီးကြင်နာပေးမယ်လို့ မာမီတို့ယုံကြည်တယ်။မာမီတို့မရှိရင် ညီလေးအနားမှာ သားတစ်ယောက်တည်းပဲရှိတော့မှာ ညီလေးကသားကိုအရမ်းသကျေတာ သိရဲ့လား ညီလေးကိုကြင်ကြင်နာနာနဲ့ဂရုစိုက်ပေးဖို့ မာမီတောင်းဆိုပါရစေ
YOU ARE READING
စိတ်စေရာ(Complete)
RomanceSky💙 Uke လေးက Autism လေးပါ လင်းယုဂန် လင်းအက္ခရာ စကားလုံးများတိကျစွာပါဝင်ပါသည်။ Update day - Tue , Wed