Chapter 14

6.3K 283 9
                                    

စိတ်စေရာ - 14

ယုဂန် အိမ်ထဲသို့ဝင်လာသည့်အခါ အိမ်အတွင်း ကြီးနွဲ့ နှင့် နီနီ တို့ ရောက်ရက်ခတ် နေကြသည်။ထိုအခါ ယုဂန် ဝင်လာတာမြင်တော့ ပြူးပြူးပြာပြာဖြင့်ပြေးလာပြီး

“သခင်လေး အက္ခရာ လေး အဖျားကြီးပြီးသတိလစ်သွားပြန်ပြီ “

“ဆရာဝန်ခေါ်ပြီးပြီလား”

“ဆရာဝန်လာပြီးသွားပြီ drip ချိတ်ထားရတာ ဒါပေမဲ့ အက္ခရာ လေးက အကုန်ဆွဲဖြုတ်ပြီ အခု ထပ်ပြီး တက် နေလို့”

“အတက်ကျဆေးရော….ကျစ်”

အဲ့ကလေး မ တက် တာကြပြီ။ အ တက် ကျဆေးကလည်း ရှာမရဖြစ်နေကြမှန်းသိသာသည်။ယုဂန် ဆီမှာလည်း ငယ်ငယ်ကဆေးတွေသာ ရှိတာအခုဆို အကုန် Date အောက်ကုန်ပြီ။

“နီနီ ဆရာဆီမြန်မြန် ဖုန်းဆက်လိုက်”

“ဟုတ် သခင်လေး”

ယုဂန် အပေါ်ထပ် သို့အသည်းအသန်ပြေးတက်ရသည်။သူ့အခန်းထဲဝင်သွားပြီး အခန်းတွင်း၌ ငြိမ်သက်နေတဲ့ကလေးကိုတွေ့လိုက်ရသည်။လက်တွေကတဆက်ဆက်တုန်ပြီး မျက်လုံးတွေလန်၏။ ထိုပုံရိပ်ကိုမြင်ရတိုင်းယသူ့ရင်ထဲမှာတဆစ်ဆစ်ပင်။ ဆရာဝန်က 5 မိနစ်အတွင်းပြန်ရောက်လာပြီး အတက်ကျဆေးထိုးပေးတော့ငြိမ်သွား၏။ပါးပေါ်မှ သွားရည်တစ်ချို့ wet tissue ဖြင့်သုတ်ပေးလိုက်သည်။

“အက္ခရာ တက်တာ ဘယ်လောက်ကြာပြီလဲ ကြီးနွဲ့”

“မကြာသေးပါဘူး ဆယ်မိနစ်လောက်ပါပဲ”

“ကြက်စွပ်ပြုတ် လေးနဲ့အားဆေးပြင်ပေးထား ကြီးနွဲ့ ..”

“ဟုတ်သခင်လေး..”

တက်ပြီးသွားရက်အရမ်းပင်ပန်းတာမို့ ကလေးကချက်ချင်းငြိမ်ကျသွားသည်။မျက်လုံးလေးတွေက ပုံမှန်ဖြစ်လာပြီး ဖြေးဖြေးချင်းပိတ်ကျသွား၏။

Drip ကိုခုနက ဆွဲဖြုတ်ပေမဲ့ အခု ဆရာဝန်လာတော့ပြန်ချိတ်ပေးသွားသည်။လက်ခုံလေးမှ အပ်ဖြင့်ဆွဲခြစ်သလိုဖြစ်ထားတဲ့ ဒဏ်ရာလေးတွေကို ဂွမ်းနှင့်သုတ်ပေး ပိုးသတ်ရင်ူ ပလာစတာ လေးကပ်ပေးရင်းဖြင့်
ထိုကလေးအနားကမခွာနိုင်ဖြစ်နေသည်။ဘယ်လောက်ထိစိတ်ပူမိသွားလဲသူအသိဆုံးပင်။အရင်ကဆို အားနည်းသည့် ဒီကလေးကိုမုန်းပေမဲ့  အခုကရော

စိတ်စေရာ(Complete)Where stories live. Discover now