စိတ်စေရာ - 5
အိမ်မှာပဲ အအိပ် အစားကအစပြန်ဂရုစိုက်ပေးတော့ ကလေးပေါက်လေးက ဝဝတုတ်တုတ်လေးဖြစ်လို့လာသည်။ပါးဖောင်းဖောင်းလေးတွေက ငယ်ငယ်တုန်းကလိုမျိုး ဖောင်းကားနေတော့သည်။ လက်မောင်းပေါ်မှာ အိပ်နေသည့်အချိန်တွေဆို နှုတ်ခမ်းလုံးလုံးလေးတွေက ဆူထော်နေတာပဲ။ထိုနှုတ်ခမ်းလေး တွေ နမ်းလိုက်တိုင်း နမ်းလို့လုံလောက်သည်ကိုမရှိ။ ချစ်ရတာ အသည်းတယားယားဖြင့် လည်းရှိလှသည်။
မျက်ဝန်းဝိုင်းဝိုင်းလေးတွေ နဲ့ကြည့်သည့်အခါ တိုင်းချစ်ရတာ ယုဂန် ပင်။အသည်းလည်းယားပြီးနွေးလည်းနွေးတယ်။ဘယ်လို ပြုစားခြင်းမျိုးနဲ့ ပြုစားခံထားရလည်းမသိ ဒီကလေးကို ချသ်လို့ကိုမဝနိုင်ဖြစ်ရသည်။ဆောင်းခိုတဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်လုံးပဲ လုံးလုံးကစ်ကစ်ကလေး ဟာ အိပ်တဲ့အချိန်မှာလည်း အချိန်များကြီးအိပ်လာသည်။
Model လောကထဲဝင်သွားတော့ အလုပ်တွေပိပြီး ပြားကပ်ကပ်ကိုယ်လေးကြောင့် ယုဂန် စိတ်မအေးနိုင်ဖြစ်ခဲ့ရတာ နားရက်အကြာကြီးယူပြီး အနားမှာရှိနေတော့ စိတ်ထဲအေးရသည်။
"ဒီနေ့ နီနီ က နို့ခဲလုပ်ပေးထားတယ်ပြောတယ် ကလေး စားချင်လား"
"ဟုတ်.... အစ်ကို...."
"မျက်နှာသစ်ပြီးရင် မနက်စာ နို့ခဲစားကြမယ် "
အစ်ကို က အက္ခရာ နဲ့အတူ မျက်နှာသစ် သန့်ရှင်းရေးလုပ်ပြီး နှစ်ယောက်သား အဝတ်အစားတွေလဲကာ အောက်ထပ်သို့အတူဆင်းလာခဲ့ကြသည်။
"နို့အနံ့လေး ကသင်းနေတာပဲ "
"အက္ခရာ လေးကြိုက်တယ်ဆို များများစားပေါ့ ဝက်ပေါက်လေးဖြစ်နေပြီ"
"အာ.... ကျွန်တော် အရမ်းဝ နေပြီလား"
"မဟုတ်ပါဘူး အက္ခရာ လေးရဲ့ ဝဝကစ်ကစ်လေးဖြစ်ရုံပဲ အရမ်းမဝဘူးနော် .....စားစား မနက်စာမစားဘဲ တော့မနေနဲ့"
"ဟုတ်..."
အက္ခရာ တို့နှစ်ယောက်လွတ်လွတ်လပ်လပ်စားရရန် နီနီ ကအပြင်သို့ထွက်သွားသည်။စားစရာတွေအများကြီးရှိပြီး အားလုံးကလည်းအက္ခရာ အကြိုက်တွေချည့်ပဲဖြစ် တာမို့ အက္ခရာ လည်း အများကြီးစားပစ် ၏
YOU ARE READING
စိတ်စေရာ(Complete)
RomanceSky💙 Uke လေးက Autism လေးပါ လင်းယုဂန် လင်းအက္ခရာ စကားလုံးများတိကျစွာပါဝင်ပါသည်။ Update day - Tue , Wed