စိတ်စေရာ - 10 (Final)
စိတ်ကျန်းမာရေးအတွက် နှစ်ရက်ခြားတစ်ခါ စကာအပြန်အလှန်ပြောကြရင်း အက္ခရာ ကို စိတ်ကျန်းမာဖို့ လုပ်ပေးရသည်။ ဆရာဝန်နဲ့စကားတစ်ခါပြောပြီးတိုင်း ပြန်ပြီး ပုံမှန်လိုဖြစ်လာပြီး တစ်ဖြည်းဖြည်း အခြေအနေဟာတိုးတက်ကောင်းမွန်လို့လာ၏။ ပန်းချီဆွဲသည့်အခါ အရောင်စုံလင်လာပြီး တစ်ခါတစ်လေ ပန်းကလေးတွေ လိပ်ပြာလေးတွေအထိ ပါလာပြီး တစ်ဖြည်းဖြည်းဖြင့် ရောင်စုံကမ္ဘာကိုပြန်လည်ခြယ်သလာနိုင်ခဲ့သည်။အမှောင်ထုထဲမှာ လမ်းပျောက်နေသလို ပန်းချီကားနေက နေ စပြီး တရွေ့ရွေ့ပြောင်းလဲလာသည်မို့ ယုဂန် မှာ အသက်ရှုချောင်စပြုလာတော့သည်။
အမှောင်ထုတွေကို ငေးကြည့်မိတိုင်း အသက်ရှူကြပ်စရာကောင်းလှသည်။အမှောင်ထုထဲမှာ လမ်းလျှောက်ရသည့်အခါ ဘယ်လောက်ပဲ ကျင့်သားရတယ်ဆိုနေပါစေ လမ်းလျှောက်ရင်း လမ်းပျောက်ဆဲပင်။ပိုမိုထုထည်ကြီးမားလှတဲ့ အမှေင်ထုကိုသာ ရင်ဆိုင်ရသလိုမျိုး
"အစ်ကို...."
Series ပြီးဆုံးသွားတော့ Fan တွေနဲ့ တွေ့ရတာဖြစ်သည်။ကုမ္ပဏီ ဘက်က ဆက်သွယ်လာတော့ အက္ခရာ ကလုံးဝလျစ်လျှူရှုပြီး ငြင်းဆို ထားသည်။သို့ပေမဲ့ ဆက်တိုက် တောင်းဆိုလာသည့်အခါ ကြားထဲက ယုဂန် က အက္ခရာ အတွက်နားချပေးရသည်။ ဒီကိစ္စကိုအစိုင်အခဲအဖြစ် အနာဂတ်ကိုထပ်ပြီး သယ်သွားချင်စိတ်မရှိဘူး။အဲ့လိုပဲ ကိုယ့်ကြောင့် ကလေးငယ်ဟာ ဆင်ခြင်ပြီးနေထိုင်နေတာကို မကြည့ချင်ဘူး။ အက္ခရာ ကသူ့Fan တွေနဲ့ဆို ပြုံးပျော်နေပြီး တကယ်ပျော်ရွင်နေကြောင်းကို ယုဂန် သိသည်။အဲ့တာကြောင့်လည်း ခုလို Fan တွေနဲ့တွေ့ရမဲ့ပွဲကိုသွားစေချင်ခဲ့သည်။
Couple လိုက်မဟုတ်ဘဲ Team တစ်ခုလုံးဖြစ်တာကြောင့် ပါသလို ဒီကိစ္စက ယုဂန် အတွက် စိတ်အနှောက်အယှက်မဟုတ်တော့ကြောင်း အက္ခရာ ကိုသိစေချင်တာလည်းပါ၏။
"သွားပါ ..... ကိုယ်ဘာမှ မဖြစ်ဘူး ကလေးက ကိုယ်လုပ်ခဲ့တာအတွက် အဆုံးသတ်ရမှာပေါ့ ကလေးရဲ့ Fan တွေရော Series fan တွေအတွက်ပါ သွားလိုက် ကိုယ်က လိုက်ပို့ပြီး လိုက်လည်းကြိုပေးမယ်
YOU ARE READING
စိတ်စေရာ(Complete)
RomanceSky💙 Uke လေးက Autism လေးပါ လင်းယုဂန် လင်းအက္ခရာ စကားလုံးများတိကျစွာပါဝင်ပါသည်။ Update day - Tue , Wed