စိတ်စေရာ - 3
ရိုက်ကွင်းပြီးတော့ ယုဂန် ဆီကဖုန်းဝင်လာသည် သူလာကြိုမယ်ပြောတော့ အက္ခရာ လည်း မန်နေဂျာနဲ့အတူ ရိုက်ကွင်းနဲ့ နည်းနည်းဝေးတဲ့ ကော်ဖီဆိုင်လေးကို သွားရင်း ကိုကို့ ကိုစောင့်နေလိုက်သည်။
မန်နေဂျာကို အရင်ပြန်ခိုင်းလိုက်ပြီမလို့ ယုဂန် ရောက်လာသည်နှင့် နှစ်ယောက်သား ညနေပိုင်း နေဝင်ဆည်းဆာ တူတူ ကြည့်ကြဖို့ ပြောတော့ အက္ခရာ လည်း ကြည့်မယ် ဆိုပြီး တံတားပေါ်သို့ အတူလမ်းလျှောက်သွားဖြစ်သေးသည်။"လေအေးတွေ တောင်စ တိုက်နေပြီ ဆောင်းတွင်းကိုရောက်တော့မယ်"
"ဆောင်းတွင်းကို အလုပ်တွေလျော့ချပြီး အိမ်မှာပဲ အချိန်တွေဖြုန်းမယ်နော် အစ်ကို...."
"အင်း ကလေးသဘော ....""ကိုကို ဒီနေ့ အလုပ်စောစောပြီးတာပဲ တစ်နေရာရာသွားဦးမလား"
"ကလေးသွားချင်လို့လား .... ဒီအတိုင်းတောင် မျက်နှာလေးကနွမ်းနေတာ ပင်ပန်းနေတဲ့ဟာကို အိမ်မှာ ပဲ နားလိုက်ပါလား သွားချင်ရင်ပိတ်ရက်ကျအတူသွားမယ်လေ"
"ရပါတယ် ဟို.... ပိတ်ရက်ကျ ....ကျွန်တော်...မအားဘူးလေ အစ်ကို ရဲ့.... ဒီနေ့ မသွားလည်း....ရပါတယ် ..... ကျွန်တော်ကဒီအတိုင်းပြော...ကြည့်တာ"
"ပိတ်ရက်ဘာလို့မအားတာလဲ အက္ခရာ ကိုယ်အလုပ်တွေကိုရက်ဆက်တိုက် မယူထားဖို့ပြောထားတယ်လေ"
"အမ်....... အလုပ်ကအရမ်းမများဘူး ....စိတ်မပူပါနဲ့........ နော် "
ရင်ခွင်ထဲ မှီထားရင်း ယုဂန် ရဲ့လက်ကို လက်သေးသေးလေးတွေနဲ့ဆုပ်ကိုင်လျှက်။ အနုပညာလောကကြီးထဲကို ဝင်သွားစဥ်ကတည်းက ကလေးက အရင်ကထက်စာရင် အလုပ်တွေအများကြီးလုပ်ရပြီးအတော်ကို ပင်ပန်းကြီးသည်။
သို့ပေမဲ့လည်းပျော်နေတာလေးတွေ့တော့မတားရက်ခဲ့ ။ ကိုယ်က အစစအရာရာ အရမ်းမပင်ပန်းအောင် သူ့မန်နေဂျာကို ဖိအားမပေးဖို့ အလုပ်တွေ အများကြီးလုပ်စရာမလိုကြောင်း သူပျော်ဖို့ပဲလိုကြောင်းပြောရင်း စီမံပေစထားရတာ။အရင်က အလုပ်ကအစ ယုဂန် ကပဲ လက်ခံ၊ပယ်ချ တာမျိုးတွေကိုလုပ်ပေမဲ့ အခုတော့ မအားတာမို့ မန်နေ ဂျာကိုသာ ပြောထားရတာ။
YOU ARE READING
စိတ်စေရာ(Complete)
RomanceSky💙 Uke လေးက Autism လေးပါ လင်းယုဂန် လင်းအက္ခရာ စကားလုံးများတိကျစွာပါဝင်ပါသည်။ Update day - Tue , Wed