Chapter 11

6.4K 242 1
                                    

စိတ်စေရာ - 11

ယုဂန် ရုံးကပြန်လာတော့ လှေကားခြေရင်းကနေ ငြိမ်ငြိမ်လေးစောင့်ကြိုနေသည်။အရဲကြီးပြီး အစ်ကို နားပြေးမသွားရဲသေးပါ။အစ်ကို စိတ်ရှုပ်ပြီး သူ့ကိုမုန်းနေမှာကို အက္ခရာ မကြိုက်ပါ။နောက်ပြီး အစ်ကို အနားမှာ မိန်းကလေးပါလာသေးလားဆိုတဲ့စိုးရိမ်စိတ်လည်းရှိနေသေးသည်။တကယ် တခြားမိန်းကလေးတွေ အစ်ကို အနားမှ ရှိနေမှာကို အက္ခရာ မကြိုက်ဘူး

ကြီးနွဲ့ကြီးနွဲ့ကြီးနွဲ့က

“ဟိုမှာပါသခင်လေး”

ကြီးနွဲ့က ပုံနကွယ်က လှေကားဆီသို့ ညွှန်ပြ၏။ယုဂန် လည်း ထိုကလေးရှိရာသို့လျှောက်ပြီး လှေကားနားမှာ ငြိမ်ငြိမ်လေးရပ်နေသည်ကိုတွေ့တော့ရင်ထဲအေးသွားရသည်။ဒီကောင်လေးက တကယ်ကို အေးချမ်းလှသည်။မြင်လိုက်တာနဲ့ ရင်ထဲအေးသွားရသည်အထိ အကြည်ဓာတ်ကလေးရှိ၏။အက္ခရာ အနားသို့လျှောက်လာရင်း ပုခုံးလေးပေါ်လက်တင်ကာ နဖူးလေးကို ထပ်မံနမ်းလိုက်တော့ မျက်လုံးဝိုင်းလေးများဖြင့်ပြူးကြည့်လာသည်။

“အစ်ကို….”

“ဟင်?”

“ဘာလို့ နမ်းတာလဲ”

“မုန်းလို့”

ထိုအခါ နှာထိပ်လေးကချက်ချင်းရဲတက်သွားသည်။အသားအရေ ကပါးလွန်းလို့စိတ်အတက်အကျတိုင်းမှာ အရောင်တွေကအရင်ပြန့်ပွားတက်သည့်သူဖြစ်တော့ ငိုချင်ပါလျှင် နှာထိပ်ကလေးကရဲတက် တတ်၏။ပြီးလျှင် သူ့ဗီဇအတိုင်းခေါင်းလေးငုံ့ကာ ခြေလှမ်းလေးတစ်လှမ်းက နောက်ဆုတ်၏။သို့ပေမဲ့ ယုဂန် ကကြိုသိနေပြီဖြစ်တာမို့ နောက်သို့ဆုတ်ခွာခွင့်မပေးဘဲ ခါးကိုပွေ့ဖက်လိုက်လျှင်

“ဖယ်ပေးပါ…..ကျွန်တော် အပေါ်တက်တော့မယ်”

“ဘာလို့ငိုတာလဲ”

“ဟင့်အင်း …”

ဟင့်အင်း တဲ့ သူမငိုပါဘူးပေါ့ မျက်ရည်စက်ကလေးက ပေါက်ကနည်း ယုဂန် ခြေခုံပေါ်သို့လိမ့်ကျလာသည်။သူမငိုပါဘူး မျက်ရည်လေးပဲကျနေသည်ပေါ့လေ။ယုဂန် ခပ်ဟ ဟရယ်လိုက်မိသည်။ဘာလို့ဒီကောင်လေးကိုစနောက်ရတာဟာပျော်စရာကောင်းနေတာလဲ

စိတ်စေရာ(Complete)Where stories live. Discover now