S2 Chapter (9)

4.2K 190 3
                                    

စိတ်စေရာ - 9

အက္ခရာ အနားမှာ နေ့နေ့ညည ကပ်နေမိတာ ယုဂန်ပင်ဖြစ်သည်။ဆရာဝန်က အမြဲလိုလို ညနေတိုင်းလာပြီး ဒီကလေးနဲ့စကားတွေပြောပေးသည်။အဖြေရှာကြသည်သို့ပေမဲ့ အက္ခရာ ရဲ့အခြေအနေကတိုးတက်မလာခဲ့ပါ။ယုဂန် လည်း တတ်နိုင်သလောက် ဒီကလေးရဲ့ နံဘေးမှာနေရင်း အဖော်ပြုပေးသည်။အထီးကျန်ရင်း ပိတ်မိနေတယ်ဆိုတဲ့ဆရာဝန်ရဲ့စကားကြောင့်ပေါ့။

ဒါပေမဲ့ ဒီကလေးကစကားလည်းမပြောဘဲ တစ်ချက်လေးတောင်မကြည့်ခဲ့ဘဲ သံပတ်ပေးထားတဲ့အတိုင်းသာ အရာရာကိုဆောင်ရွက်ခဲ့၏။ပုံစံတူပန်းချီကားတွေကလည်း အထပ်ထပ်ပင်ဖြစ်လို့နေလေပြီ

"အက္ခရာ .... ကလေး ဒီနေ့တစ်ခုခု လုပ်ချင်တာရှိလား..."

"....."

ယုဂန် ထိုသို့မေးသည့်အခါ ပန်းချီထဆွဲသည်။ထို ဆေးအနက်ရောင်ကို အနုအရင့် အပါးအထူ မျိုးစုံ နဲ့ ရေးဆွဲပြန်၏။ထိုမဲနက်နေသည့် ပန်းချီကားတွေကိုကြည့်ရင်း ယုဂန် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေပြည့်နက်လာခဲ့၏။

"ပန်းလေးတွေသွားကြည့်ကြမလားဟင် ဒီအခန်းထဲမှာ ပဲအကြာကြီးနေနေရတာ ကလေးစိတ်ကျဥ်းကြပ်နေမှာ"

ထိုသို့ပြောသည့်အခါ မလှုပ်မယှက်သာရှိသည်။တစ်ခါကဆို ယုဂန် ပွေ့ချီပြီးအပြင်သို့ခေါ်သည့်အခါ ပြင်းထန်တဲ့ရုန်းကန်မှုတွေလုပ်ပြီး အနာတရတွေပါရသည်အထိ ဆရာဝန်က အက္ခရာ ရဲ့သိတ်ကလက်သင့်မခံတဲ့အခါ အတင်းအကြပ်မလုပ်ဖို့ပြောခဲ့တာကြောင့် ယုဂန် က အမြဲစကားတွေနဲ့သာမေးမြန်းခဲ့တယ် တစ်လသာကုန်ဆုံးသွားခဲ့တယ် အခေုအနေဟာလုံးဝထူးခြားမလာခဲ့ပါ

"ကိုယ်ကခွင့်လွတ်တယ်.... ကိုယ်မင်းကိုခွင့်လွှတ်တယ်ဆိုရင်ရော....အပြစ်သားလိုမနေဘဲ လွတ်မြောက်ပါပြီ ကိုယ်ခွင့်လွှတ်ပါတယ်...... ရွှတ် ..... ကိုယ်ခွင့်လွှတ်တယ်လို့.....!!!!!"

ယုဂန် စိတ်တွေမွန်းကြပ်လာသည်။သြိမ်သက်နေသည့် ကလေးငယ်ကိုကြည့်ရတာ မြင်နေရတာ သူကိုယ်တိုင် သေချင်စိတ်ပေါက်နေခဲ့တာပါ။မွန်းကြပ်လွန်းလို့ သေတော့ မလို အသက်ရှူတွေကြပ်ပြီး နှလုံးခုန် ရပ်တန့်တော့မလိုမျိုး

စိတ်စေရာ(Complete)Where stories live. Discover now