S2 Chapter (7)

3.8K 164 10
                                    

စိတ်စေရာ - 7

စိတ်ပျက်လွန်းလို့ မြင်မြင်သမျှ ပျက်စီးသွားအောင် ဖျက်ဆီး ပစ်လိုက်ချင်သည်။ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ပျက်မိသည်။ အရာအားလုံးကို သူကိုယ်တိုင် အစမပြုမိခဲ့ရင်ကောင်းမလား ဒါမှမဟုတ် အစကတည်းက သူ့ဘက်က ဘယ်အရာကိုမှ လုပ်ခွင့်မပေးခဲ့ရင် ပိုကောင်းမည်လား။ ဒီကိစ္စအတွက်မည်သူ့ကို အပြစ်တင်ရမလဲ သူကိုယ်တိုင်ကိုလား၊ သတင်းမပို့ခဲ့တဲ့ မန်နေဂျာကိုလား၊ ဖုံးကွယ်ခဲ့တဲ့ အက္ခရာ ကိုလား ဒီကိစ္စတွေမှာ ဘယ်သူက အပြစ်ရှိနေတာလဲ။ဘယ်သူကမှားယွင်းနေတာလဲ

"ရူးတော့မယ် ရူးတော့မယ် ရူးသွားရင်ကောင်းမယ်..... အား.......!!!"

ယုဂန် မတွေးချင်တော့ဘူး ထပ်ပြီးမတွေးရဲတော့ဘူး အက္ခရာ ကို သဝန်တိုလွန်းလို့ ရူးတော့မယ် တကယ်ပဲရူးသွားတော့မယ် ခေါင်းတွေလည်းကွဲထွက်တော့မလိုပဲ ။

※※※※

အစ်ကို ထွက်သွားတာ ငါးနာရီဝန်းကျင်လောက်ကြာနေပြီဖြစ်သည်။ဖုန်းတွေဆက်တိုက်ခေါ်နေပေမဲ့ မကိုင်သလို နောက်ဆုံးမှာ ဖုန်းကိုစက်ပိတ်သွား၏။အက္ခရာ အခန်းထဲမှာ ထိုင်ပြီးငိုနေမိခဲ့သည်။ အခန်းတစ်ခုလုံးကို နီနီ တို့သန့်ရှင်းရေး လုပ်ပေးပြီး အက္ခရာ ကို နှစ် သိမ့်ပေးနေကြပေမဲ့ ထိုအရာတွေက မထိရောက်ခဲ့ပါ။ အစ်ကို ပြန်လာဖို့ပဲ ဆုတောင်းနေမိသလို အစ်ကို ကိုပဲမျှော်လင့်နေမိ၏။

"အင့်..... ကျွန်တော့်ကို ..... ဘာလို့ ထားခဲ့နိုင်ရတာလဲ အင့်......! ရွှတ်....!"

တဖြည်းဖြည်း အချိန်တွေရွေ့လျားနေရင်းမှ တစ်ညတာကုန်ဆုံးသွားပေမဲ့ ယုဂန် ပြန်ရောက်မလာခဲ့ပါ။ ယုဂန် အခုလို စိတ်ဆိုးသွားတာကလည်း ပထမဆုံးအကြိမ်ဖြစ်သလို အိမ်ကထွက်သွားတာမျိုး ညလုံးပေါက် ထွက်သွားတာမျိုးဟာလည်း လက်ထပ်ပြီးတဲ့ နှစ်အတွင်း ပထမဆုံးအကြိမ်သာဖြစ်သည်။

အက္ခရာ တစ်ညလုံးစောင်မျှော်နေခဲ့တာမို့ တစ်စက်ကလေးမှ အိပ်ရသေးတာ မဟုတ်။ တစ်ညလုံးလည်း အငိုကိုမရပ်တန့်နိုင်ခဲ့ပါ။ အစ်ကို မရှိလို့ မဖြစ်ဘူး အက္ခရာ အတွက်ကတော့ အစ်ကို မရှိလို့မဖြစ်ဘူး

စိတ်စေရာ(Complete)Where stories live. Discover now