Unicode
" နေမဝင်အင်ပါယာ "(၅)
" မင်းကြီး...!
" မိဖုရားကြီးကို ဂါဝရပြုပါတယ် "
နန်းဆောင်ထဲဝင်လာသောမိဖုရားကြီးကိုမြင်သည်နှင့် မင်းကြီး၏ ကုန်းကုန်းနှင့် ကိုယ်ရံတော်တို့မှာ ကပျာကယာဦးညွှတ်လိုက်ကြလေသည်။
" မိဖုရား..!
ဘယ်အကြောင်းအရင်းကြောင့် အကြောင်းမကြားပဲလာရပါသလဲ "မင်းကြီးမှာ ညီလာခံအပြီး သူ၏အဆောင်၌အလုပ်ရှုပ်နေစဉ် နန်းဆောင်ထဲသို့ဝင်ရောက်လာသော မိဖုရားကြောင့်
ဤနှယ်စနောက်ကြိုဆိုလိုက်လေသည်။" မင်းကြီးနဲ့တိုင်ပင်စရာလေးရှိလို့
မင်းတို့တွေအပြင်ဘက်ကစောင့်နေကြ "" အမိန့်တော်အတိုင်းပါ "
အားလုံးအပြင်ဘက်သို့ထွက်သွားကြသောအခါ မိဖုရားကြီးမှာ ထိုင်ခုံ၌ဝင်ထိုင်လိုက်ကာ မင်းကြီးအား လေသံတိုးတိုးဖြင့်ပြောဆိုလိုက်လေသည်။
" ကျွန်မကြားတာ
မင်းကြီးက မင်းသားတွေကို မျိုးနွယ်စုက မင်းသမီးတွေနဲ့လက်ဆက်စေချင်တယ်ဆိုတာ မှန်ပါသလား "" မှန်တယ် "
" ဒါဆို ဟောက်ယွီအတွက် ဝီဂါမင်းသမီးနဲ့စီစဉ်ပေးလိုက်ပါလား
ဝီဂါဘုရင်ခံက သစ္စာရှိတယ်
သူ့သမီးတော်ကလည်းယဉ်ကျေးသိမ့်မွေ့ပြီးလှပတယ် "" ဟင်
ဟောက်ယွီကကြိုက်မှန်းမသိမကြိုက်မှန်းမသိ
ပြီးတော့ သူကငယ်ပါသေးတယ် "" မင်းကြီး...!
ခုတလော ကျွန်မကြားတာ
မေယွီက ဟောက်ယွီအိမ်တော်မှာနေတယ်တဲ့
ဒီကလေးမကရဲတင်းလွန်းလှတော့
ကျွန်မစိတ်ပူနေတာက..! "မယ်တော်ကြီးမှာ ပြောရင်း မျက်နှာမှာရှက်တဲ့အရိပ်အယောင်တွေထွက်နေလေသည်။
" မိဖုရား ဘာကိုဆိုလိုချင်တယ်ဆိုတာ
ငါကိုယ်တော်နားလည်ပါပြီ
မိဖုရားပြောသလိုစီစဉ်လိုက်ပါ့မယ် "" ကျွန်တော်လက်မခံနိုင်ပါဘူး "
ထိူအချိန်မှာပင်ကြားလိုက်ရသောအသံနှင့်အတူ နန်းဆောင်ထဲသို့ဝင်ရောက်လာသူတစ်ဦး၊
YOU ARE READING
နေမဝင်အင်ပါယာ(Completed)
Fanfictionဝူတိုင်းပြည်၏မင်းသား ၄ လျိုဟောက်ယွီတစ်ယောက် ဝေ့ပြည်အား တိုက်ခိုက်သိမ်းယူနေချိန်၌ ဝူတိုင်းပြည်တွင် အာဏာလုပွဲဖြစ်ပွားခဲ့လေသည်။ မင်းသား၂ မှာ ခမည်းတော်မင်းကြီးနတ်ရွာစံ သည်နှင့် အိမ်ရှေ့စံအားလုပ်ကြံကာ ထီးနန်းရရယူခဲ့လေသည်။ မင်းသား၂မှာ ဤမျှနှင့်မကသေး ညီတော...