Unicode
" နေမဝင်အင်ပါယာ "(၁၆)
လျိုဟောက်ယွီသည် ဝမ်ဟိုင်မြင်းတပ်ရှိ သူ၏အဆောင်ထဲ၌ လက်အောက်ခံနယ်စစ်တပ်များမှလာသော စာလွှာများကိုဖတ်ရင်း စိတ်ရှုပ်လျက်ရှိသည်။
တစ်တိုင်းပြည်လုံးက စစ်သည်တွေကိုအုပ်ချုပ်ရတံ့ စစ်သေနာပတိချုပ်ဖြစ်ရတာ ယခုလောက် အလုပ်များပြီး စိတ်ရှုပ်စရာကောင်းမှန်းသိရင် ဒီရာထူးကိုမရယူခဲ့ပါဘူး။
ယခုတော့ တစ်နေ့တစ်နေ့မအားလပ်ရအောင်
အလုပ်ရှုပ်နေရသည်။" အိပ်မနေနဲ့တော့..ထ.. တကယ်ပါပဲ
ဘယ်ကတည်းထဲက အိပ်ရေးပျက်နေတယ်မသိဘူး "သူ..ဘယ်လောက်တောင် ပင်ပန်းပြီးအိပ်ပျော်သွားတယ်မသိ မမရဲ့အသံကြားမှ လန့်နိုးလာတော့သည်။
" နင်ကဘာလို့ ဒီရောက်နေတာလဲ "
" ဟင် မေ့နေပြီလား
ငါ့ကို နည်းပြခန့်အပ်လွှာရေးပေးမယ် လာယူဆို "" ဒီလောက်မြန်မြန်ကြီးလား "
" ငါက စိတ်မြန်လက်မြန်ရှိတာ သိသားနဲ့
ဘာလဲ ခုထိမရေးရသေးဘူးလား "" အစ်မတော်ရယ်!
မနက်ကမှပြောထားတာ ခု..နေ့လည်ခင်းပဲရှိသေးတယ် ဘယ်လိုလုပ်ပြီးမှာတူန်း
နောက်မှ ငါကိုယ်တိုင် နင့်ကို လိုက်ပြီးမိတ်ဆက်ပေးမယ်
ခုတော့ ငါဗိုက်ဆာနေပြီ "" သိတယ်လေ ဒါကြောင့်
ငါ နေ့လည်စာပြင်လာတယ် "စုန့်မေယွီမှာ ပြုံးလျှက် သူမယူလာသော ထမင်းချိုင့်အား လျိုဟောက်ယွီ၏စာကြည့်စားပွဲပေါ်သို့တင်လိုက်ရင်းဆိုလေသည်။
အစ်မဖြစ်သူ၏စကားကြောင့် လျိုဟောက်ယွီမှာ တွန့်ကနဲဖြစ်သွားကာ မဝံ့မရဲမေးလိုက်လေသည်။" နင်ကိုယ်တိုင်လုပ်ထားတာလား "
" အေး
ဒါပေမယ့် ချက်တာက အိမ်တော်ကစားဖိုမှူး
ငါက ပြင်ဆင်ပြီးထည့်လာတာ ဟီး "ထိုအခါမှ လျိုဟောက်ယွီမှာ သက်ပြင်းချနိုင်တော့သည်။
စူန့်မေယွီက မရှိတော့ပါ
ရှောင်ဟွားကို သွားခေါ်လိုက်အုံးမယ်ဆိုကာ
အပြင်သို့ထွက်သွားလေသည်။_____________________
လျိုဟောက်ယွီသည် ယောက္ခမလောင်းနှင့်
မတွေ့တာကြာပြီဖြစ်သဖြင့် ဝမ်ဟိုင်တပ်မှအပြန်တွင် ထိုအိမ်ဘက်သို့လှည့်ဝင်လာခဲ့သည်။
ရီလွမ်ကတော့ အိမ်တော်တွင်မရှိပေ
ဦးလေး၏မွေးနေ့ပွဲတက်ရောက်ရန်ဟုဆိုကာ ယွီကျိုးသို့ မနက်ကပင် ထွက်သွားပြီမဟုတ်လား
YOU ARE READING
နေမဝင်အင်ပါယာ(Completed)
Fanficဝူတိုင်းပြည်၏မင်းသား ၄ လျိုဟောက်ယွီတစ်ယောက် ဝေ့ပြည်အား တိုက်ခိုက်သိမ်းယူနေချိန်၌ ဝူတိုင်းပြည်တွင် အာဏာလုပွဲဖြစ်ပွားခဲ့လေသည်။ မင်းသား၂ မှာ ခမည်းတော်မင်းကြီးနတ်ရွာစံ သည်နှင့် အိမ်ရှေ့စံအားလုပ်ကြံကာ ထီးနန်းရရယူခဲ့လေသည်။ မင်းသား၂မှာ ဤမျှနှင့်မကသေး ညီတော...