အပိုင်း(၈)⚠️

132 2 12
                                    

Unicode

" နေမဝင်အင်ပါယာ " (၈)

ညအမှောင်ကိုထွင်းဖောက်ခါ ထွက်ပေါ်လာသောစောင်းသံ၊
စုန့်မေယွီမှာ လရောင်ဖြာကျနေသော
သူမ၏အဆောင်ရှေ့ရှိ လသာဆောင်၌ ခြောက်ကြိုးတပ်စောင်းကြီးအား ကျကျနနထိုင်တီးနေလေသည်။
သူမမှာ ဤပညာကိုဖခင်ဆီမှသင်ယူထားခြင်းဖြစ်လေသည်။
ယခုကဲသို့စောင်းတီးနေရခြင်းမှာလည်း သူမ
ဖခင်ပြောခဲ့ဖူးသော စကားတစ်ခွန်းကိုသတိရသွား၍ဖြစ်သည်။
သူမတို့သိုင်းလေ့ကျင့်နေစဉ်တုန်းက ဖခင်သည် ဤသို့စောင်းကိုတီးခတ်ကာ
စိတ်အစဉ်ကိုအထောက်အပံ့ပေးခဲ့သည်မဟုတ်လော့။
ယခုလည်း မိမိစောင်းသံသည် ဟောက်ယွီတို့အား အထောက်အပံ့ပေးနိုင်လောက်လေမလားဟူသော စေတနာလေးဖြင့် တီးခတ်နေရခြင်းဖြစ်ပေသည်။

ရေချိုးကန်ထဲမှ ဆွတ်ပျံ့မွှေးသင်းလှသော ပန်းပေါင်းစုံတို့၏ရနံ့သည်
လျိုဟောက်ယွီ၏ နှာခေါင်းဝသို့တိုးဝှေ့ဝင်ရောက်လာလေသည်။
ဒါတွေဟာ မမရဲ့လက်စလက်နတွေပင်
ရေထဲမှာဘာတွေထည့်ထားသည်မသိ လူက
ခေါင်းပင်မူးချင်လာသည့်အထိ။
အခန်းထဲပတ်ပတ်လည်တွင်လဲ ဖယောင်း
တိုင်ရောင်စုံမီးတို့ထွန်းညှိထားသေးသည်။
ယခုလဲ စောင်းတီးနေပြန်သည်
သူမခမျာ မောင်နှစ်ယောက်ကိုမဖြစ်စေချင်ရှာဘူးထင်ပါရဲ့
ဤနှယ်တွေးရင် လူကခွီကနဲအသံထွက်ရယ်မိသွားတော့သည်။
ထိုအခါ သူ၏ရင်ခွင်ထက်မှီလျှက်ဇိမ်ယူနေသော ရီလွမ်က သူ့ဘက်သို့မျက်နှာမူလာကာ
မျက်မှောင်ကုတ်လျှက်ဆိုလေ၏။

" ဘာလို့ရယ်နေတာလဲ
ဒီတေးသွားက ဆရာတီးနေကျတေးသွားမလား
မစောင့်စားနိုင်သောစောင့်စားခြင်းလေ "

" ဟုတ်တယ် မစောင့်စားနိုင်သောစောင့်စားခြင်း
ဒါနဲ့သိလား ကိုယ်အရမ်းပျော်နေတယ်
ခုထက်ထိအိမ်မက်လို့ခံစားနေရသေးတယ် "

ထိုစကားကြောင့် စန်းရီလွမ်မှာ
ဂရုဏာသက်မိသွားရကား မျက်နှာချင်ဆိုင်ဖြစ်နေသော လျိုဟောက်ယွီ၏နှုတ်ခမ်းသားတို့အား သူ၏နှုတ်ခမ်းဖြင့်ဖိကပ်နမ်းရှိုက်လိုက်လေသည်။

" ခု အိမ်မက်မဟုတ်တာသိပြီမလား "

" အင်း..သိပြီ
ဒါပေမယ့် မလုံလောက်သေးဘူး "

နေမဝင်အင်ပါယာ(Completed)Where stories live. Discover now