ဇာတ်သိမ်းပိုင်း⚠️

138 3 9
                                    

Unicode

" နေမဝင်အင်ပါယာ "(၂၀)
ဇာတ်သိမ်းပိုင်း

အိမ်တော်ထိန်းသည် ကျက်နေပြီဖြစ်သော
အိုးထဲမှ မုန့်များကို ပန်းကန်ထဲသို့ ပြောင်းထည့်လိုက်သည်။
ထို့နောက်  တစ်ခုယူလိုက်ကာ မြည်းကြည့်
သည်။
ရပြီဟူသောသဘောနှင့် ခေါင်းတဆတ်ဆတ်ညိမ့်လိုက်လေသည်။
ခေါင်းပြန်မော့လိုက်သောအခါ စားဖို့ဆောင်နား၌ လူရိပ်တွေ့လိုက်ရသဖြင့် လန့်အော်မိသွားလေသည်။

" ဟဲ့. ပလုတ်တုတ်
တပ်မှူးချုပ်.! မုန့်လာယူတာလား
ကျွန်မတို့ ယူလာပေးပါ့မယ်
ဥယျာဉ်တော်မှာပဲစောင့်နေပါ "

အိမ်တော်ထိန်း၏အသံကြောင့်
စားဖိုဆောင်နားသို့ မယောင်မလည်လာလုပ်နေသော တပ်မှူးချုပ်ကိုမြင်သော ထုန်ကျိမှ
သူ၏သခင်မလေးအား  လက်ကုတ်လိုက်လေသည်။
ထိုအခါမှ စုန့်မေယွီမှာ ပြတင်းပေါက်နား၌
ယောင်လည်လည်လုပ်နေသော ဖေးယန်အား
မြင်သွားလေသည်။

" ဘာလဲ ဘာလိုအပ်လို့လဲ
မုန့် ထပ်လိုချင်လို့လား "

" မ..မဟုတ်ဘူး မင်း.ခဏ "

ဖေးယန်မှာ ပြောလဲပြော စားဖိုဆောင်ထဲဝင်
ချလာကာ စုန့်မေယွီအား လက်ဆွဲလျက်
ခေါ်ထုတ်သွားတော့သည်။
ထိုအဖြစ်အပျက်ကိုမြင်သော် အမျိုးသမီးတစ်သိုက်မှာ ခပ်အုပ်အုပ်ရယ်ကြလေသည်။

" တပ်မှူးချုပ်က မိန်းမကို
မျက်စိအောက်က အပျောက်မခံနိုင်အောင်
ချစ်တယ်ထင်ပါတယ် "

ရီလွမ့်မိခင်၏စကားကြောင့် အားလုံးပင်
ရယ်မောလိုက်ကြတော့သည်။

" ဘာဖြစ်လို့လဲ "

သူမ၏လက်နှစ်ဖက်အားဆွဲယူလျှက် သေချာစွာကြည့်ရှု့စစ်ဆေးနေသဖြင့်
စုန့်မေယွီသည် ခင်ပွန်းသည်အား မေးမြန်လိုက်သည်။
ထိုအခါ ဖေးယန်က စိတ်မကောင်းဖြစ်နေသော လေသံဖြင့်ဆိုလေသည်။

" မုန့်တွေအများကြီးလုပ်ခဲ့ရတာ
မင်းလက်တွေညောင်းနေမှာပေါ့
ခုထိ မပြီးသေးဘူးလား "

" မညောင်းပါဘူး
ပျော်လို့ ညောင်းရမှန်းပင်ပန်းရမှန်းတောင်မသိဘူး
ပြီးတော့ ပြီးခါနီးပါပြီ ကိုကိုရဲ့ "

နေမဝင်အင်ပါယာ(Completed)Where stories live. Discover now