Unicode
" နေမဝင်အင်ပါယာ "(၁)
ညသည် ပိန်းပိတ်မှောင်လျက်
တိတ်ဆိတ်သော မြို့ပတ်ဝန်းကျင်၌ ညဉ့်ငှက်ပိုးမွှားတို့၏ အော်မြည်သံမှလွဲ၍ အရာအားလုံးပင်တိတ်ဆိတ်လို့နေသည်။
ပေါ့ပါးလှသောကိုယ်ဖော့ပညာ ကိုသုံးကာ အနက်ရောင်လူရိပ်က တစ်နေရာဆီသို့ချဉ်းကပ်လျက်ရှိလေသည်။
ထိုလူမှာ ပထမဓားစံအိမ်ဟူသောနေရာအရောက် အုတ်နံရံထက်သို့လွှားခနဲခုန်ပျံဝင်ရောက်သွားလေသည်။
သူအထဲသို့ခြေချမိသည်နှင့်'"" ဝှစ်းးးး
ဟူးးးးးဟူးးးးး """ခပ်ပြင်းပြင်းလေတိုက်သွားသည့်အသံနှင့်အတူပေါ်ထွက်လာသည့်အရာကား
တစ်ကိုယ်လုံးဖြူဆွတ်နေသော လူရွယ်တစ်ဦး၊
ထိုသူအားမြင်သည်နှင့် ကျူးကျော်လာသူအနက်ရောက်လူရိပ်မှာသွားဖြဲရယ်ပြလိုက်လေသည်။_________________________
∆သုံးပြည်ထောင်ခေတ်∆
ဝူ၊ဝေ့၊ရှု့ဟန် သုံးပြည်ထောင်တွင်
အင်အားအကြီးဆုံးဖြစ်သော ဝူတိုင်းပြည်၊လျိုဟောက်ယွီတစ်ယောက်..
အသက်၂၄နှစ်အရွယ်မှာပင် ဆရာတူညီဖြစ်သူ ရီလွမ်၊အစ်မ မေယွီတို့၏အကူအညီဖြင့် နောင်တော်အားထီးနန်းတင်ခဲ့ပြီး
ဝူတိုင်းပြည်၏ စစ်သေနာပတိချုပ်ဖြစ်လာခဲ့လေသည်။
စုန့်မေယွီမှာ နှယ်နှယ်ရရမဟုတ်ပေ
လျိုဟောက်ယွီမယ်တော်၏တူမအရင်းဖြစ်သလို သိုင်းလောက၌အထင်ကရသူ
ရဲကောင်း ရွှယ်ရှန်းကျွင်း၏တစ်ဦးတည်းသောသမီးဖြစ်လေရာ သူမ၏ဂုဏ်သတင်းမှာ အတော်အတန်နာမည်ကျော်ကြားလေသည်။
သူမကိုယ်တိုင်လည်း သိုင်းလောက၌ နှင်းတောင်ဒေဝီဟုနာမည်ကျော်ကြားသောအမျိုးသမီးသူရဲကောင်းတစ်ဦးလည်းဖြစ်သည်။ယခုအခါ မင်းကြီးဟောက်ထျန်းမှာ အိမ်ထောင်သက် ၉နှစ်၊ နန်းသက်တစ်နှစ်အကြာ၌ သားသမီးနှစ်ဦးပင်ထွန်းကားခဲ့ချေပြီ။
၇နှစ်အရွယ်သားတော်ကြီး ထျန်းပေါင်နှင့် လေးနှစ်အရွယ်သမီးတော် ဟယ်လန်တို့ပင်။
ထျန်းပေါင်က နန်းတော်၌မနေပေ
သူ၏ဦးရီးတော်ဟောက်ယွီအိမ်တော်၌သာနေသည်ဖြစ်ရာမှာ
လျိုဟောက်ယွီ၏တပည့် ဟွားရှန်မှာ များစွာမျက်စိနောက်လျှက်ရှိလေသည်။
လျိုဟောက်ယွီနှင့်ဆန့်ကျင်စွာ ဒုက္ခခံရသူမှာ ဟွားရှန်ပင်။
ဟွားရှန်မှာ ထိုကလေးအားထိိန်းကျောင်းရသည်မှာပင်ပန်းလှသော်လည်း နည်းနည်းမျှမငြူစူရဲပါချေ
အကြောင်းကား သူ၏ဆရာဖြစ်သူမှာ ထိုကလေးအား တုန်နေအောင်ချစ်ရှာသည်မဟုတ်လော
ယခုလည်း ညကြီးအချိန်မတော်ထ၍
ဂျီကျနေသဖြင့် ချော့မော့နှစ်သိမ့်နေရပြန်သည်။
ဆရာဖြစ်သူမှာ အိမ်တော်၌မရှိပါချေ
ယခုလောက်ဆို သူ၏ဆရာတူညီလေးထံသို့ရောက်နေလောက်ပြီဖြစ်ကြောင်း ပြေးမကြည့်လည်း မိမိကသေချာပေါက်သိနေ၏။
ဝူတိုင်းပြည်၏မဏ္ဍိုင်
စစ်သေနာပတိချုပ် လျိုဟောက်ယွီ ၊
ယခုလိုဝူတိုင်းပြည်အင်အားကြီးမာ၍အာဏာဖြန့်ကျက်နိုင်ခြင်းမှာ သူ၏အရည်အချင်းကြောင့်ဟုပင်ဆို၍ရပေသည်။
ဝူတ်ုင်းပြည်၌ မိမိဆရာဖြစ်သူ လျိုဟောက်ယွီ၏အခန်းကဏ္ဍကား အင်မတန်မှပင်အရေးပါလှလေသည်။
တိုင်းပြည်၏အရှင်သခင် ဘုရင်ပြီးလျှင် သူသည် ဒုတိယအာဏာအရှိဆုံးလူဖြစ်သည့်အပြင် ဘုရင့်ညီတော်လည်းဖြစ်ပေရာ သူ၏
ဂုဏ်သတင်းမှာကျော်ဇောလှပေသည်။
တစ်တိုင်းပြည်လုံး၏စစ်တပ်အာဏာကိုချုပ်ကိုင်ထားသော စစ်သေနာပတိချုပ်ကား လူတိုင်းဖိန့်ဖိန့်တုန်အောင်ကြောက်ရပေသည်။
သူသည် အကိုတော်မင်းကြီးအပါအဝင် မည်သည့်တစ်စုံတစ်ဦးကိုမျှ မျက်လုံးထဲမထည့်ပါချေ။
သို့သော်လည်း အနှီးစစ်သေနာပတိချုပ်မှာမူ လူတစ်ယောက်ကို သူတို့နည်းတူ သေမလောက်ကြောက်ရွံ့ရသည်ဆိုသောလျှို့ဝှက်ချက်ကိုမူ မည်သူမျှမသိရှိကြပါချေ။
YOU ARE READING
နေမဝင်အင်ပါယာ(Completed)
Hayran Kurguဝူတိုင်းပြည်၏မင်းသား ၄ လျိုဟောက်ယွီတစ်ယောက် ဝေ့ပြည်အား တိုက်ခိုက်သိမ်းယူနေချိန်၌ ဝူတိုင်းပြည်တွင် အာဏာလုပွဲဖြစ်ပွားခဲ့လေသည်။ မင်းသား၂ မှာ ခမည်းတော်မင်းကြီးနတ်ရွာစံ သည်နှင့် အိမ်ရှေ့စံအားလုပ်ကြံကာ ထီးနန်းရရယူခဲ့လေသည်။ မင်းသား၂မှာ ဤမျှနှင့်မကသေး ညီတော...