အပိုင်း(၁၁)

59 3 0
                                    

Unicode

" နေမဝင်အင်ပါယာ "(၁၁)

"ဟမ်...ညီတာ်၅က ....မမကို...
ဟားးးဟားးး မင်းနှယ်
မနောက်စမ်းပါနဲ့ မဟုတ်လောက်ပါဘူး "

လျိုဟောက်ယွီမှာ လေ့ကျင့်ရေးစခန်းသို့
သွားရန်ပြင်ဆင်နေစဉ်ဝယ် ကူညီလုပ်ကိုင်ပေးနေသော ဟွားရှန်၏စကားကြောင့်
ဤနှယ် တဟားဟားရယ်မောမိလိုက်တော့
သည်။

"ရော် !
ကျွန်တော်တကယ်ပြောတာ "

" ဟင်..တကယ်ကြီးလား..!"

လျိုဟောက်ယွီက သာ၍အံ့ဩသွားရပြန်
သည်။

" ကျွန်တော့်မျက်လုံးနဲ့တပ်အပ်မြင်တာ မှားစရာလား
မင်းသား၅ က ဆရာဒေါ်လေးကို
အဝေးကနေ ငေးနေတာပါဆို "

ဟွားရှန်၏သေချာနေသောစကားတို့ကြောင့်လျိုဟောက်ယွီမှာ မယုံမရဲဖြင့်သာ ဤသို့
တွေးနေမိတော့သည်။
ကိုယ့်အစ်မလှတာတော့လက်ခံပါသည်
သူမက ပကတိအတိုင်းလေးကိုလှတာ
သို့ပေမယ့် သူမထက်လှပြီး ယဉ်ကျေးတဲ့
မိန်းမပျိုလေးတွေများ မြို့တော်နဲ့နန်းတွင်းထဲမှာတစ်ပုံကြီးပါ
ဒီ ယောင်္ကျားဆန်ဆန် ကဗျာမဆန်လှသော မိန်းကလေးကို သူတို့တွေက ဘာကိုကြည့်ပြီး
ဘာကြောင့်များ ချစ်မိကြသည်မသိ၊
အထူးသဖြင့် ညီတော်ဝူကျင်း
သူနဲ့မမက ဘယ်လိုမှမဖြစ်နိုင်တာ
အသက်ကလည်း ငါးနှစ်လောက်ကွာတယ်ထင်တယ်
ဝူကျင်းမယ်တော်သာသိရင် ပြဿနာတက်အုံးမယ်
ဟူးးးး

" ရှောင်ဟွား.!
မြင်းအဆင်သင့်ဖြစ်ပြီလား "

ဟွားရှန်က ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး

" အဆင်သင့်ပါပဲ "

ထိုအချိန်မှာပင် အိမ်တော်ထဲသို့ဝင်ရောက်
လာသောလူတစ်ဦး
ထိုလူမှာရောက်သည်နှင့်ချက်ချင်းပင် ဦးညွှတ်ကာ သံတော်ဦးတင်လိုက်လေသည်။

"မင်းသား!
လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက သခင်လေးပြန်မလာတာနဲ့ပတ်သတ်ပြီး
ကျွန်တော့်ကိုသံသယစဝင်ရာက
မနေ့ညကတော့ အိမ်တော်သခင်ကကျွန်တော့်ကို မင်းသားရဲ့လူမှန်းသိသွားပါပြီ "

" ဘာ..!

မုပိုင်၏စကားဆုံးသည်နှင့် ချက်ချင်းဓားဆွဲကာ ပထမဓားစံအိမ်သို့သွားရန်ပြင်နေသော
မောင်ဖြစ်သူအား စုန့်မေယွီမှဟန့်တားလိုက်လေသည်။

နေမဝင်အင်ပါယာ(Completed)Where stories live. Discover now