အပိုင်း(၁၂)

49 2 0
                                    

Unicode

" နေမဝင်အင်ပါယာ "(၁၂)

ဆောင်းနှင်းတို့ ဝေ၍ ချယ်ရီတွေပွင့်ကြသည်
ထိုမှတစ်ဖန် သစ်ရွက်နုတို့ စိမ်းစိုဝေရာမှ
ဝါတစ်ချို့ နီတစ်ချို့နှင့် ရွက်ခြောက်တို့အဖြစ်သို့ကြွေလွှင့်ကြပြန်သည်။
ဘာလိုလိုနဲ့ ဟောက်ယွီတို့စစ်ချီထွက်သွားခဲ့တာ နှစ်ဝက်ခန့်ပင်ကြာညောင်းခဲ့ပြီ။
အရင်တစ်ခေါက် ရှု့ဟန်ပြည်ကို သွားတိုက်
တုန်းကလည်း တစ်နှစ်နီးပါးကြာမြင့်ခဲ့သည်။
ယခုတစ်ကြီမ် မည်မျှထိကြာမည်ဟုမမှန်းဆနိုင်ပါ။
မုပိုင်ဆီကအဆက်မပြတ်ကြားရတဲ့သတင်းတွေအရ တိုက်ပွဲကပြင်းထန်သည်တဲ့
နှစ်ဖက်အထိအခိုက်အကျအဆုံးများသည်ဟုလည်းဆို၏။
ထိုသတင်းတွေကြားသိရတိုင်း ဟောက်ယွီကိုစိုးရိမ်သည့်စိတ်က ဘာနှင့်မှနှိုင်းဆ၍မရ။
မိမိကိုယ်ကိုလည်း ထိုအချိန်တုန်းက
ဘာလို့များ ဆရာတူအကိုကို မတွေ့ပဲနေခဲ့ရတာလဲဟု နောင်တရလာမိသည့်အထိ
အကယ်၍များ ဆရာတူအကိုသာ စစ်မြေပြင်
ကနေ ပြန်မလာနိုင်ခဲ့ရင်ဟူသောအတွေးက
သူ့ကိုအတော်ပင်နှိပ်စက်နေလေသည်။

" မုပိုင်..!
ငါ..ငါ..တကယ်ကြောက်နေတယ်
ဆရာတူအကို..သူ..ပြန်လာနိုင်မယ်လို့ထင်လား "

စန်းရီလွမ်၏စကားဆုံးသောအခါ မုပိုင်မှာ
အရက်ခရားထဲမှခွက်ထဲသို့
အရက်အနည်းငယ်လောင်းထည့်ကာ
တကျိုက်တည်းမော့သောက်လိုက်ပြီးနောက်

"နှစ်ဘက်စစ်တပ် တိုက်ခိုက်ကြမှတော့ အဆုံးသတ်ဘယ်လိုထွက်လာမလဲဆိုတာ ဘယ်သူကမှ အတိအကျမပြောနိုင်ဘူး
သခင်လေးကို ဒီလိုစကားမျိုးပြောရတာ
သိပ်ပြီးနိမိတ်မကောင်းပေမယ့် ထမအကြိမ်
ရှု့ဟန်စစ်ပွဲတုန်းက မင်းသား သေမလိုဖြစ်ခဲ့သေးတယ် "

မုပိုင်၏စကားကြောင့် စန်းရီလွမ်မှာ
တစ်ကိုယ်လုံးတောင့်ခဲသွားလေသည်။
ထို့နောက် မုပိုင်၏ခေါင်းကို  ခပ်ဆဆတစ်ချက်ရိုက်ပစ်လိုက်လေသည်။

"ပါးစပ်ပိတ်ထား!
ဖီ.! ဖွဟဲ့ နမိတ်မရှိနမာမရှိ
မင်းကလည်း ငါစိတ်ပူနေပါတယ်ဆိုမှ "

ထိုအခါ မရယ်စဖူးအရယ်ထူးလှသော
မုပိုင်က ခပ်တိုးတိုးရယ်လေသည်။

နေမဝင်အင်ပါယာ(Completed)Where stories live. Discover now