အပိုင်း(၁၉)

58 1 6
                                    

Unicode



" နေမဝင်အင်ပါယာ "(၁၉)

စေ့စပ်တောင်းရမ်းပွဲပြီးသွားသောအခါ
ကျောက်စိမ်းအိမ်တော်၏ဥယျာဉ်တော်၌
နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်မိကြသည်နှင့် ပန်းနုရောင်ဝတ်စုံလေးဖြင့် အလှကြီးလှနေသော သူ၏သတို့သမီးလောင်းလေးအား မြတ်နိုးစွာငေးကြည်လျက် ဖေးယန်ကဆိုသည်။

" မင်း ဒီနေ့သိပ်လှတယ်
မင်းကိုတွေ့ဖူးသမျှနေ့ရက်တွေထဲမှာ ဒီနေ့ကအလှဆုဲးပဲ "

ဤသို့ ဖေးယန်ကဆိုသော် စုန့်မေယွီက ခပ်ဟဟရယ်လျှက် စနောက်လိုက်လေသည်။

" မနေ့တစ်နေ့တုန်းကလည်း ဒီစကားပြောခဲ့သလားလို့ "

ထိုအခါ ဖေးယန်က သဘောတကျရယ်လေသည်။

" ကိုယ့်လို လူအိုကြီးကိုလက်ထပ်ပေးလို့ကျေးဇူးတင်ပါတယ် မေယွီ "

ဖေးယန်က ထိုသို့ဆိုလျက် သတို့သမီး
လောင်းလေး၏လက်ကိုဆွဲယူကာ နမ်းရှိုက်လိုက်လေသည်။

" အာ..ဒါနဲ့ ကျွန်မတို့လက်ထပ်ကြတော့မယ်ဆိုတော့
နှစ်ဖက်အကျင့်စရိုက်နဲ့မိသားစုအကြောင်းလေးတွေ ပွင့်ပွင်းလင်းလင်းပြောရအောင်
ဒါမှ နောင်တမရမှာ
လက်ထပ်ပြီးမှအဆင်မပြေရင် နောင်တရမယ်လေ မဟုတ်ဖူးလား "

" အင်း မှန်ပါတယ်
မေးပါ "

" တပ်မှူးချုပ်!
ရှင် အအိပ်ကြမ်းလား
အိပ်တဲ့အခါဟောက်တတ်လား "

" ဟင့်အင်! "

" အစားအသောက်စားတဲ့အခါ အသံမြည်လား
သန့်သန့်ရှင်းရှင်းစားလား
အစားအသောက်ချေးများလား "

ဖေးယန်သည် ပြုံးစိစိဖြစ်လာလေသည်။
၎င်းမှာ သူ၏မျက်စိရှေ့က မိန်းကလေးကို
အသဲယားနေဟန်ရှိလေသည်။

" အသံမမြည်ပါဘူး
သန့်သန့်ရှင်းရှင်းစားတယ်
ကိုယ်က စစ်သားလေ အစားအသောက်မရွေးတတ်ပါဘူး "

ကြည့်ပါအုံး ဘယ်လိုဟာလေးလဲ
အဓိကကျတဲ့အရာကိုမမေးပဲ ကလေးဆန်ဆန် မေးခွန်းတွေမေးနေတာ။
သူ့ကို သာမန်စစ်သည်တော်တွေနဲ့နှိုင်းယှဉ်နေတာပဲ
နယ်စပ်မှာတုန်းက စစ်သည်တွေစားသောက်ကြတဲ့အခါ အသံမျိုးစုံထွက်နေတာကိုမြင်ပြီး
နှာခေါင်းတရှုံ့ရှုံ့လုပ်နေတာ သူမြင်သားပဲ
သူ့ကိုလဲ အဲ့လိုထင်နေတာဖြစ်မယ်
ဖေးယန် သူ..ရယ်ချင်စိတ်ကိုချိုးနှိမ်ရင်း
ပြန်ဖြေလိုက်ရသည်။

နေမဝင်အင်ပါယာ(Completed)Where stories live. Discover now