Unicode
" နေမဝင်အင်ပါယာ "(၄)
မြို့တော်ထဲရှိလမ်းမကြီးတိုင်းတွင် လူများပြည့်ကျပ်နေလေသည်း
အိမ်တိုင်းရှိမိန်းမပျိုလေးများမှာ သူ့ထက်ငါ လှအောင်ပြင်ဆင်၍ ပန်းကုံးများကိုင်ဆောင်ကာ ကြိုဆိုနေလေသည်။
ယနေ့ကား...
၎င်းတို့၏ဝူစစ်တပ်မှာ ရှု့ဟန်ပြည်အားစစ်ပွဲအောင်နိုင်၍ ပြည်တော်ပြန်လာသော့နေ့..။
တိုင်းသူပြည်သားများမှာပျော်ရွှင်နေကြလေသည် ။
တော်ဝင်မျိုးမိသားစုများလည်းထို့အတူ၊
၎င်းတို့ထဲ၌ အပျော်ရွှငိဆုံးလူသားမှာ စန်းရီလွမ်ပင်ဖြစ်တော့သည်။
သူ့မှာ ပထမဓားစံအိမ်ရှိ လမ်းမကြီးအားကောင်းစွာမြင်ရသော မျှော်စင်ထက်၌ရပ်ကာ လျိုဟောက်ယွီအလာအားစောင့်မျှော်နေလေသည်။
သူ၏လက်ထဲမှာ မက်မုံပန်းခြင်းကိုင်လျက်၊
ထို့ကြောင့် အတူရပ်နေသော စုန့်မေယွီက နှာခေါင်းတစ်ချက်ရှုံ့လိုက်လေသည်။" နင်ကမိန်းကလေးလား ပန်းကြဲရအောင် "
" ပန်းက ကျွန်တော်ကြဲမှာမဟုတ်ဘူး
မမကြဲရမှာ "" ဟင်..!
စန်းရီလွမ်မှာ ဆရာတူအစ်မ၏အမူအရာကြောင့်ရယ်မောလိုက်တော့သည်။
ထိုအချိန်မှာပင်..
လျိုဟောက်ယွီတို့၏ဝူစစ်တပ်သည်
ပထမဓားစံအိမ်တော်ရှိရာဈေးတန်းဘက်မှဖြတ်၍လာခဲ့လေသည် ။
ထိုကြောင့် လျိုဟောက်ယွီတစ်ယောက်
ရီလွမ်းအားတွေ့လို့တွေ့ငြားမျက်စိကစားကြည့်မိရာ ထိုခဏ၌ အလှအပတစ်ခုကို သူ တွေ့လိုက်ရလေသည်။
မက်မုံပန်းတွေလေနှင့်အတူ သူ၏ဦးခေါင်းထက်သို့ကျလာသည်ကိုခံစားသိရှိလိုက်ရပြီးနောက် သူ၏အလှလေးမှာ ပထမဓားစံအိမ်ရှိမျှော်စင်ထက်မှ သူ့အားလက်ပြ၍ပြုံးရယ်ပြနေသည်ကိုမြင်လိုက်ရလေသည်။
ထိုအလှလေသည် သူ၏နှလုံးသားထဲမှ
နေ့နေ့ညညသတိရတမ်းတနေခဲ့သော လူငယ်လေးပင်။
ထိုလူငယ်လေး၏အပြုံးလေးဟာလည်း လေပြေလေညှင်းလေးအလား
သူ၏စိတ်အစဥ်အား ညင်သာစွာတိုးဝှေ့တိုက်ခတ်သွားလေသည် ။
သူ၏အစ်မစုန့်မေယွီကိုမူ ပန်းကြဲလျက်မြင်လိုက်ရသဖြင့် ရယ်ချင်ပက်ကျိပင်ဖြစ်သွားမိတော့သည်။
YOU ARE READING
နေမဝင်အင်ပါယာ(Completed)
Hayran Kurguဝူတိုင်းပြည်၏မင်းသား ၄ လျိုဟောက်ယွီတစ်ယောက် ဝေ့ပြည်အား တိုက်ခိုက်သိမ်းယူနေချိန်၌ ဝူတိုင်းပြည်တွင် အာဏာလုပွဲဖြစ်ပွားခဲ့လေသည်။ မင်းသား၂ မှာ ခမည်းတော်မင်းကြီးနတ်ရွာစံ သည်နှင့် အိမ်ရှေ့စံအားလုပ်ကြံကာ ထီးနန်းရရယူခဲ့လေသည်။ မင်းသား၂မှာ ဤမျှနှင့်မကသေး ညီတော...