အပိုင်း(၁၈)

45 1 6
                                    

Unicode

" နေမဝင်အင်ပါယာ "(၁၈)

စုန့်မေယွီ နည်းပြဖြစ်သွားပြီးနောက်
ပျင်းရိနေသော ဟွားရှန်အား လျိုဟောက်ယွီမှ အလုပ်သစ်တစ်ခုပေးအပ်လာလေသည်။
ထိုအရာကား ကလေးထိန်းသည့်အလုပ်ပင်
လျိုဟောက်ယွီမှာ တူတော်ဖြစ်သူ ထျန်းပေါင်အား သူ၏ကျောက်စိမ်းအိမ်တော်သို့
ခေါ်ယူထားလျက် အနီးကပ်ကြပ်မတ်ကာ
ပညာသင်စေသည်။
သို့ရာတွင် ဤဒုက္ခကို အမှန်တကယ်ခံရသူမှာ
ဟွားရှန်ဖြစ်လာသည်။
ယခုလည်း ညကြီးအချိန်မတော်ထ၍
ဂျီကျနေသဖြင့် ချော့မော့နှစ်သိမ့်နေရပြန်
သည်။
ဆရာဖြစ်သူမှာ အိမ်တော်၌မရှိပါချေ
ယခုလောက်ဆို သူ၏ဆရာတူညီလေးထံသို့
ရောက်နေလောက်ပြီဖြစ်ကြောင်း ပြေးမကြည့်လည်း မိမိကသေချာပေါက်သိနေ၏
တစ်တိုင်းပြည်လုံး၏စစ်တပ်အာဏာကိုချုပ်ကိုင်ထားသော စစ်သေနာပတိချုပ်ကား လူတိုင်းဖိန့်ဖိန့်တုန်အောင်ကြောက်ရပေသည်
သူသည် အကိုတော်မင်းကြီးအပါအဝင် မည်သည့်တစ်စုံတစ်ဦးကိုမျှ မျက်လုံးထဲမထည့်ပါချေ။
သို့သော်လည်း အနှီးစစ်သေနာပတိချုပ်မှာမူ
လူတစ်ယောက်ကို သူတို့နည်းတူ သေမလောက်ကြောက်ရွံ့ရသည်ဆိုသောလျှို့ဝှက်ချက်ကိုမူ မည်သူမျှမသိရှိကြပါချေ။

___________________

ညသည် ပိန်းပိတ်မှောင်လျှက်
တိတ်ဆိတ်သော မြို့ပတ်ဝန်းကျင်၌ ညဉ့်ငှက်ပိုးမွှားတို့၏ အော်မြည်သံမှလွဲ၍ အရာအားလုံးဟာတိတ်ဆိတ်လို့နေသည်။
ပေါ့ပါးလှသောကိုယ်ဖော့ပညာ ကိုသုံးကာ အနက်ရောင်လူရိပ်က တစ်နေရာဆီသို့ချဉ်းကပ်လျှက်ရှိလေသည်။
ထိုလူမှာ ပထမဓားစံအိမ်ဟူသောနေရာအရောက် အုတ်နံရံထက်သို့လွှားခနဲခုန်ပျံဝင်ရောက်သွားလေသည်။
သူအထဲသို့ခြေချမိသည်နှင့်

'"" ဝှစ်းးးး
ဟူးးးးးဟူးးးးး """

ခပ်ပြင်းပြင်းလေတိုက်သွားသည့်အသံနှင့်အတူပေါ်ထွက်လာသည့်အရာကား
တစ်ကိုယ်လုံးဖြူဆွတ်နေသော လူရွယ်တစ်ဦး၊
ထိုသူအားမြင်သည်နှင့် ကျူးကျော်လာသူ
အနက်ရောက်လူရိပ်မှာသွားဖြဲရယ်ပြလိုက်လေသည်။

" မင်း လူလိုသူလို တံခါးမကြီးကမလာပဲ
ဘာလို့ နံရံကိုခုန်ကျော်ပြီးလာလာနေတာလဲ"

နေမဝင်အင်ပါယာ(Completed)Where stories live. Discover now