Unicode
" နေမဝင်အင်ပါယာ "(၁၅)
အနီရောင်၊အညိုရောင်၊အစိမ်းရောင်
ဝတ်စုံတို့ကို ၀တ်ဆင်ထားသော မှူးမတ်များသည် ညီလာခံခန်းမဆီသို့ ဦးတည့်သွားနေကြလေသည်။
၎င်းတို့မှာ အချင်းချင်း နှုတ်ခွန်းဆက်စကားဖလှယ်ကြနှင့် စတင်အသက်ဝင်လာပြီဖြစ်သော နန်းတော်၏မနက်ခင်းတွင်
စုန့်မေယွီတစ်ယောက်လည်းအပါအဝင်ဖြစ်လေသည်။
အမှန်ဆို သူမမှာ နန်းတွင်းရေးရာတွေနှင့်ပတ်သတ်သူမဟုတ်
ညီလာခံလည်းတက်ရော့လေ့ရှိသူမဟုတ်ပါ
ယနေ့မှာတော့ ထူးဆန်းစွာပင် မင်းကြီးက
ဆင့်ခေါ်တာကြောင့် လာခဲ့ရတာပင်။'' ရှောင်ဟွား !
မမရော''မနက်မိုးလင်းလင်းချင်း ထူးဆန်စွာဖြင့်
အစ်မဖြစ်သူကိုအရင်ရှာနေသည့်လျိုဟောက်
ယွီကြောင့် ဟွားရှန်းကအံ့သြနေသည်။''မမရောလို့''
''သြော် ဒေါ်လေးလား
မနက်စောစောကပဲ နန်းတော်ကိုသွားတယ်
မင်းကြီးကဆင့်ခေါ်လို့ "" ဟန်ကျတာပေါ့ အတော်ပဲ
ရှောင်ဟွား.! သွား
တပ်မှူးချုပ်ဖေးယန်ကို ငါကအိမ်တော်ကိုဆင့်ခေါ်တယ်လို့ သွားပြောချေ "" ဗျာ.!
ဝမ်ရယ် ဘာလုပ်မလို့လဲဗျ မဟုတ်မှ.."" ပြောသလိူသာလုပ်စမ်းပါကွာ
မြန်မြန်လုပ်
မင်းဒေါ်လေးပြန်လာရင် ပြဿနာတက်မယ် "" ကောင်းပါပြီ "
" ခဏ.!
ရီလွမ့်ကိုလမ်းကြုံဝင်စကားပါးလိုက်
ယောက်ဖလောင်းကိုအကဲလာခတ်ပေးပါလို့ "" အာ..ကျွန်တော်သဘောပေါက်ပြီ "
ဟွားရှန်ကား ယခုမှကျေနပ်သွားဟန်ဖြင့်
တဟီးဟီးရယ်မောလျှက် ပြေးထွက်သွားတော့သည်။ဖေးယန်
ဒီလူက တော်ဝင်ကိုယ်ရံတော်တပ်ရဲ့ တပ်မှူးချုပ်ဖြစ်သလို၊ တော်ဝင်စစ်သင်တန်းကျောင်းရဲ့ အုပ်ချုပ်သူလည်းဖြစ်တယ်။
သူ.တော်ဝင်စစ်သင်တန်းကျောင်းမှာ ပညာ
သင်စဉ်ကတော့ ဒီလူက နည်းပြတစ်ယောက်
မမပြောသလိုပင် ဒီလူက အရမ်းတော်ပြီး
ထက်မြက်တာတော့ဝန်ခံရမည်။
မမလည်း ဒီလိုလူနဲ့တွေ့မှ မဟတ်ရင် သူမကို
ထိန်းကွပ်မယ့်သူရှိမှာမဟုတ်တော့ဘူး။
YOU ARE READING
နေမဝင်အင်ပါယာ(Completed)
أدب الهواةဝူတိုင်းပြည်၏မင်းသား ၄ လျိုဟောက်ယွီတစ်ယောက် ဝေ့ပြည်အား တိုက်ခိုက်သိမ်းယူနေချိန်၌ ဝူတိုင်းပြည်တွင် အာဏာလုပွဲဖြစ်ပွားခဲ့လေသည်။ မင်းသား၂ မှာ ခမည်းတော်မင်းကြီးနတ်ရွာစံ သည်နှင့် အိမ်ရှေ့စံအားလုပ်ကြံကာ ထီးနန်းရရယူခဲ့လေသည်။ မင်းသား၂မှာ ဤမျှနှင့်မကသေး ညီတော...