အပိုင်း(၃)

95 4 2
                                    

Unicode

" နေမဝင်အင်ပါယာ "(၃)

နောက်တစ်နေ့မနက်စောစော၌
ရွှယ်ရှန်းကျွင်းတို့ဇနီးမောင်နှံအားဂါဝရပြုနှုတ်ဆက်ကာ ဆရာတူမောင်နှမသုံးဦးမှာ  ရွှယ်ရှန်းမှထွက်လာခဲ့ကြလေသည်။
ထို့နောက် စန်းရီလွမ်မှာ ပထမဓားစံအိမ်သို့မပြန်သေးပဲ လျိုဟောက်ယွီ၏ အိမ်တော်၌ ညအိပ်ခဲ့လေသည်။

" မနက်ဖြန် နယ်စပ်ကိုသွားရတော့မယ်
ငါ့ကိုလက်ဆောင်မပေးချင်ဘူးလား "

"ဘာလက်ဆောင်လိုချင်လို့လဲ"

_" အနမ်း "
_"ဘာကြီး "

အရင်းအဖျားမရှိ အနမ်းဟုဆိုသဖြင့် စန်းရီလွမ်မှာ ရုတ်တရက် နားမလည်ဟန်ဖြင့်ပြန်လည်မေးမြန်းလိုက်လေသည်။

"မင်းဆီကအနမ်းလက်ဆောင်လေ "

" ကျွန်တော်ပေးလို့ရတယ်
ဒါပေမယ့်
ဆရာတူအစ်ကို အသက်ရှင်လျက်ပြန်လာမှပေးမယ်"

_" ကောင်းပြီ ကတိတည်ပါစေ "
_" ယောင်္ကျားကတိပါဗျ"

စန်းရီလွမ်က ထိုသို့ကတိပေးလိုက်လျင် လျိုဟောက်ယွီမှာ ကျေနပ်သွားရကား သူ၏ချစ်လှစွာသော ဆရာတူညီလေးအား ရင်ခွင်ထဲထည့်ဖက်ထားလိုက်တော့သည်။
စန်းရီလွမ်မှာ ရုန်းကန်ခြင်းမပြုပါချေ
အလိုက်သင့်ငြိမ်လျက်သားရှိနေလေ၏။

" ကောင်းသောညပါ ဆရာတူညီလေး "

လျိုဟောက်ယွီကထိုသို့ဆိုလျက် စန်းရီလွမ်၏နဖူးထက်သို့ ခပ်ဖွဖွအနမ်းတစ်ပွင့်ခြွေလိုက်လေသည်။
စန်းရီလွမ်က မည်သို့မျှမတုံ့ပြန်ပဲ မျက်လုံး‌တို့ကိုသာမှိတ်ထားလိုက်၏
သူ့အား ဆရာတူအစ်ကိုက ယခုလို
အသားယူတတ်သည်မှာလည်း အဆန်းတကျယ်မဟုတ်တော့ပေ။
ရွှယ်ရှန်းမှာပညာသင်နေစဉ်ကတည်းက
ထိုအချိန်တုန်းကတော့ မိမိက ညဘက်တွေ တစ်ယောက်တည်းအိပ်ရတာကြောက်လို့ ဆရာတူအစ်ကိုက လာအိပ်ပေးတာပါပဲ
နောက်တော့ ကုတင်တစ်လုံးထဲအိပ်ယာတစ်ခုထဲအတူသုံးဖြစ်သွားကြသည်။
ထို့နောက်တွင်တော့ ဆရာတူအစ်ကိုက
ဤသို့မကြာခဏဖက်အိပ်လာတတ်တာပင်
သူ့ပြောစကားအရတော့ ခန္တကိုယ်ချင်းကပ်ပြီးအနွေးဓာတ်ယူတယ်ဆိုလား
ဘာလို့ဆို ရွှယ်ရှန်းမှာကအေးတယ်လေ။
ယခုအရွယ်ရောက်လာသောအခါတွင်မူ ထိုစကားဟာ လိမ်ညာနေတာမှန်းသိလိုက်ရတော့သည်။
သို့ပေမယ့်လည်း သူစိတ်မဆိုးမိပါ
သူကိုယ်တိုင်က ဒီအခြေအနေကိုကျေနပ်နေမိတာဖြစ်သောကြောင့်ပင်။

နေမဝင်အင်ပါယာ(Completed)Where stories live. Discover now