Unicode
" နေမဝင်အင်ပါယာ "(၁၃)
အမိန့်စာလွှာသယ်ဆောင်လာသူ မိန်းမစိုး
လုပ်ကြံခံရသည်နှင့် ချပ်ဝတ်စိမ်းကိုယ်ရံ
တော်တို့မှာ စုန့်မေယွီအားဝင်ရောက်တိုက်
ခိုက်ရန်ပြင်လိုက်ကြလေသည်။
ထိုအခါ စုန့်မေယွီကလက်ကာပြလျှက်" ခဏလေးပါ
ရှောင်ဟွား...!
လီရာ "စုန့်မေယွီမှ ခေါ်လ်ိုက်လျင်
လမ်းတစ်ဖက်၌ပုန်းအောင်းနေကြသော
ဟွားရှန် နှင့် လီရာတို့မှာ ခပ်သွက်သွက်ပင်လက်ကိုလှုပ်ရှားလိုက်ကြလေသည်။""" ဟူးးးးးဝှစ်းးး"""
စင်္ကြာသဏ္ဍာန်လက်နက်ပုန်းတို့က
လေအဟုန်ဖြင့် ခေါင်မိုးထက်က လေးသည်တော်တို့ထံပြေးဝင်သွားကြတော့သည်။" ရှင်တို့လည်း သူတို့လိုမဖြစ်ချင်ရင်လက်နက်ချလိုက်တာအကောင်းဆုံးပဲ
ခုလောက်ဆို တော်ဝင်ကိုယ်ရံတော်တပ်တွေက နန်းတော်ကိုသိမ်းယူလိုက်ကြပြီထင်တယ်"ထိုအချိန်မှာပင် သူတို့ရှေ့သို့ခုန်ဆင်းလာသော လူနှစ်ယောက်၊
၎င်းတို့အားမြင်လျှင် စန်းရီလွမ်က ဝမ်းသာအားရ နှုတ်ဆက်လိုက်လေသည်။''ရှောင်ဟွား !
နောက်ဆုံးတော့ မင်းတို့ပြန်ရောက်လာကြပြီကိုး''စုန့်မေယွီသည် ကြည်လင်ပြတ်သားသော လေသံဖြင့် ကျယ်လောင်စွာဆက်၍ပြောလာပြန်၏။
" တခြားလူတွေကထွက်သွားလို့ရပေမယ့်
တုန်းဖန်းသခင်ကတော့ထွက်သွားလို့မရဘူး
သားလေးကို တမလွန်မှာအဖော်ပြုပေးရအုံးမယ်လေ
ရီလွမ်! တက် "စုန့်မေယွီမှာအချက်ပြလျှက် သိုင်းကွက်ခင်းကျင်းလိုက်လေသည်။
" နှင်းနဂါးသိုင်း !
တုန်းဖန်းသခင်ကြီးမှာ နှုတ်မှလွှတ်ခနဲရေရွတ်လိုက်သော်လည်း များစွာနောက်ကျခဲ့လေပြီ။
တဖက်လူနှစ်ယောက်မှာမူ သူ၏ထံသို့
တရှိန်ထိုးပျံဝဲခုန်ဝင်လာခဲ့ပြီဖြစ်သောကြောင့်ပင်။( နှင်းနဂါးသိုင်းဆိုတာက
တချိန်က ရွှယ်ရှန်းကျွင်းတို့ဇနီးမောင်နှံရဲ့နာမည်ကျော်စုံတွဲသိုင်းကွက်ပါ
ရွှယ်ရှန်းကျွင်း(စုန့်ယန်ကျောင်း) က မိုရှု့ယွီနဲ့ဆရာတူမောင်နှမတွေပေါ့
သူတို့က ဆရာနဲ့ဆရာကတော်တို့ရဲ့စုံတွဲသိုင်းပညာကိုအမ္ရေရခဲ့တာပါ။
အဲ့တာကို စုန့်မေယွီ ၊ လျိုဟောက်ယွီ နဲ့ စန်းရီလွမ်တို့က ထပ်ပြီးအမွေရခဲ့တယ်။
စုန့်မေယွီက မောင်နှစ်ယောက်စလုံးနဲ့စုံတွဲဖြစ်မလာတဲ့အတွက် သူမမိဘတွေလောက်
သိုင်းကွက်ကအစွမ်းမထက်ပါဘူး
ဒါကြောင့် သူမက နတ်ဓားစံအိမ်က ဓားသိုင်းနဲ့ပေါင်းစပ်ပြီး သိုင်းကွက်အသစ်ထပ်ထွင်ခဲ့တာပါ။
သူမထွင်လိုက်တဲ့ ဓားသိုင်းကွက်က မိဘတွေထက်ပိုပြီးအစွမ်းထက်သွားလို့ တုန်းဖန်းအုပ်သုကိုပါအနိုင်ရလာခဲ့တာပါ
#ဤကားရှင်းလင်းချက် )
YOU ARE READING
နေမဝင်အင်ပါယာ(Completed)
Fanfictionဝူတိုင်းပြည်၏မင်းသား ၄ လျိုဟောက်ယွီတစ်ယောက် ဝေ့ပြည်အား တိုက်ခိုက်သိမ်းယူနေချိန်၌ ဝူတိုင်းပြည်တွင် အာဏာလုပွဲဖြစ်ပွားခဲ့လေသည်။ မင်းသား၂ မှာ ခမည်းတော်မင်းကြီးနတ်ရွာစံ သည်နှင့် အိမ်ရှေ့စံအားလုပ်ကြံကာ ထီးနန်းရရယူခဲ့လေသည်။ မင်းသား၂မှာ ဤမျှနှင့်မကသေး ညီတော...