Unicode
" နေမဝင်အင်ပါယာ "(၁၇)
တော်ဝင်စစ်သင်တန်းကျောင်း၌
မမတစ်ယောက် နည်းပြအဖြစ်အလုပ်ဝင်ရေးသည် သူ၏တာဝန်ဖြစ်လာသည်။
ယခုအခါ သူသည် တော်ဝင်စစ်သင်တန်းကျောင်း၏ ညီလာခံခန်းမ၌ အုပ်ချုပ်ရေးဆိုင်ရာ ခေါင်းဆောင်များကို စုဝေးခိုင်းလိုက်ရသည်။
လျိုဟောက်ယွီထံမှ အကြောင်းစုံသိရပြီးနောက် ဖေးယန်မှာ များစွာပျော်ရွှင်နေလေသည်။
၎င်းတင်မက လက်အောက်ငယ်သားများပါ
ဝမ်းသာပျော်ရွှင်နေကြလေသည်။
ယခုအခါ သူတို့မှာ မင်းသမီးလိုလူကို
နေ့စဉ်မြင်တွေ့ရတော့မည်မဟုတ်လား။" ကြိုဆိုပါတယ်
ဝမ်းသာစရာသတင်းပဲမဟုတ်လားဗျ
မင်းသမီးသာ ကျုပ်တို့ဆီလာရင် အတိုင်းထက်အလွန်ပေါ့ဗျာ "“ ချီးကျူးလွန်းနေပါပြီ ”
ပါမောက္ခကြီး၏စကားကြောင့်
စုန့်မေယွီကရယ်ပြုံးလျှက် သူမ၏ခါးကိုညွှတ်ကာ အားနာဟန်ဖြင့်ဆိုလေသည်။“ ကျုပ်တို့ကပဲ ချီးကျူးနေတာ မဟုတ်ဘူး
လူတိုင်းကချီးကျူးနေတာ
အဲ့ဒီ သုဲးပြည်ထောင်စစ်ပွဲအကြောင်းလေ """" ဟားဟားးးး ဟားးး """"
အစည်းအဝေးနန်းဆောင်ထဲမှ ဆူဝေစွာ ထွက်ပေါ်လာသောရယ်သံများကြောင့် တံခါးဝတွင် ရပ်နေသော တံခါးမှူးနှင့်ဟွားရှန်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြုံးမိသွားကြသည်။
လျိုဟောက်ယွီက စကားစလိုက်လေသည်။
" အမျိုးသမီးကျောင်းသူတွေလည်း တစ်စ
တစ်စတိုးပွားလာတော့ အဆောင်က
မဖြစ်မနေတိုးချဲ့ရတော့မှာ
တပ်မှူးချုပ်စိတ်ပူနေတာက ကုန်ကျစရိတ်မလား "" မှန်ပါတယ်
မကြာသေးခင်ကမှ လေ့ကျင့်ရေးကွင်းတိုးချဲ့ထားခဲ့တာမို့ ကုန်ကျစရိတ်အတွက်စိတ်ပူ.!"" ဒီအတွက်တော့စိတ်မပူပါနဲ့ တပ်မှူးချုပ်
အလှူ့ရှင်ရှိပါတယ် "ထိုစကားကို စုန့်မေယွီမှဝင်ပြောလိုက်ရာ
ဖေးယန်မှာ အသာအယာခေါင်းညိတ့်လိုက်လေသည်။" ကဲ ဒါဆို ကျွန်တော်ပြန်တော့မယ်
ဒီကကိစ္စအဝဝကို ခင်ဗျားတို့ကိုပဲလွှဲအပ်ခဲ့တော့မယ် "
YOU ARE READING
နေမဝင်အင်ပါယာ(Completed)
Fanfictionဝူတိုင်းပြည်၏မင်းသား ၄ လျိုဟောက်ယွီတစ်ယောက် ဝေ့ပြည်အား တိုက်ခိုက်သိမ်းယူနေချိန်၌ ဝူတိုင်းပြည်တွင် အာဏာလုပွဲဖြစ်ပွားခဲ့လေသည်။ မင်းသား၂ မှာ ခမည်းတော်မင်းကြီးနတ်ရွာစံ သည်နှင့် အိမ်ရှေ့စံအားလုပ်ကြံကာ ထီးနန်းရရယူခဲ့လေသည်။ မင်းသား၂မှာ ဤမျှနှင့်မကသေး ညီတော...