အပိုင်း(၉)

79 2 9
                                    

Unicode

" နေမဝင်အင်ပါယာ " (၉)

"မဟုတ်ဘူး
သမီးက..ဟောက်ယွီနဲ့ဘာမှမပတ်သတ်ပါဘူးဆို
ဒေါ်လေးကအထင်လွဲနေတာ "

ဤသို့ ကျောက်စိမ်းအိမ်တော်၌ ဝရုန်းသုန်း
ကားဖြစ်သွားပြီးနောက်
ဧည့်ခန်းဆောင်၌ မျက်နှာချင်းဆိုင်ထိုင်မိကြသောအခါ စုန့်မေယွီမှရှင်းပြလိုက်လေသည်။
ထိုအခါ မိုရှု့ယွီမှာ လျိုဟောက်ယွီဘက်သို့
လှည့်ကာ သေချာအောင်မေးမြန်းလိုက်လေသည်။

"ဟောက်ယွီ..! နင်ပြော
တကယ်မဟုတ်ဘူးလား "

" မဟုတ်ပါဘူးဆို ဒေါ်လေးရ"

" ဒါဆိုဘာလို့ နင်က..
နင့်မယ်တော်စီစဉ်ပေးတဲ့လက်ဆက်ပွဲကိုငြင်းရတာလဲ "

" တဖက်မိန်းကလေးကို သဘောမကျလို့ပါ "

" ဒါဆို မင်းသဘောကျနေတဲ့လူရှိလို့လား
ဘယ်သူလဲ "

" အဲ့တာက..!

လျိုဟောက်ယွီမှာ သူ၏စကားကိုရပ်ထားပြီး
စန်းရီလွမ်အားကြည့်လိုက်လေသည်။
ထ်ုအခါ စန်းရီလွမ်က မဖြစ်ဘူးဟူသောအမူအရာပြလိုက်ရင်း သူကပင်အစားဝင်
ရောက်ပြောဆိုလိုက်လေသည်။

" ဆရာကတော်..!
ဆရာတူအကိုက သဘောကျတဲ့မိန်းကလေးမတွေ့သေးလို့ပါ "

" ဪ အဲ့ဒီလိုလား
ဒါနဲ့ ရီလွမ်ကဘာလို့ဒီရောက်နေတာလဲ
မင်းတို့တွေအတူနေကြတာလား "

ထိုအခါ စန်းရီလွမ်က ပြာပြာသလဲရှင်းပြလိုက်လေသည်။

" မဟုတ်ဘူး
ကျွန်တော်က မနေ့ကညည့်နက်သွားလို့ညအိပ်လိုက်တာပါ "

" ရီလွမ်!
မင်းပြော.. မင်းအစ်မနဲ့အစ်ကို တကယ်ဘာမှမဟူတ်ဘူးနော် "

" မဟုတ်ပါဘုး ဆရာကတော်ရ
ကျွန်တော့် ခန္တာကိုယ်နဲ့ရင်းပြီးသစ္စာဆိုပါတယ် "

စန်းရီလွမ်၏စကားကြောင့် စုန့်မေယွီမှာ
အဓိပ္ပါယ်တစ်မျိုးကောက်ခါ ခွီခနဲရယ်မိသွားလေသည်။
မိုရှု့ယွီမှာမူ သမီးဖြစ်သူအား မျက်စောင်းသာထိုးလျှက်၊
ထိုအခါ တချိန်လုံးငြိမ်နေခဲ့သော
ရွှယ်ရှန်းကျွင်းမှာ ကလေးတို့ဘက်မှကာကွယ်၍ဝင်ရောက်ပြောဆိုလိုက်လေသည်။

နေမဝင်အင်ပါယာ(Completed)Where stories live. Discover now