Part 2

1.8K 149 16
                                    

Uni...

"ဒါကဘာလဲ?"

နားနေခန်းမှာ ထိုင်ပြီးဖုန်းကြည့်နေစဥ် မျက်စိရှေ့ပေါ်လာတဲ့ တစ်ထောင်တန်တစ်ရွက်နဲ့အတူ လက်ဖြူဖြူသွယ်သွယ်လေးကြောင့် ရှောင်ကျန့် မော့ကြည့်လိုက်သည်။

"ဆေးဖိုးလေ..."

ဆူပုတ်ပုတ်နဲ့ ပြောလာတဲ့ မနေ့ကကာယဆရာလေးကြောင့် ရှောင်ကျန့်ပါးစောင်ကို လျှာနဲ့ထိုးလိုက်မိ၏။
ထိုဆရာ သူ့ကိုပိုက်ဆံပေးဖို့ကို လက်လျှော့လိုက်ပြီလို့ ရှောင်ကျန့်ထင်နေမိတာပင်။

"ငါးကျပ်ကရော..."

ထိုထောင်တန်ကိုကြည့်ပြီး ရှောင်ကျန့်မယူသေးပဲ ပြန်မေးလိုက်တယ်။
တစ်ဆက်တည်း ပျော်စရာကောင်းတဲ့ဂိမ်းတစ်ခုစပြီလို့ တွေးလိုက်မိ၏။
စည်းကမ်းရှိပြီး သူ့ကိုမြင်ပြင်းကပ်နေတဲ့ ထိုကာယဆရာရယ်၊ သူတမင်ညစ်လိုက်တဲ့ ငါးကျပ်ရယ်။

"တစ်ထောင်အရင်ယူထား နောက်မှရှာလာပေးမယ်..."

ထိုကာယဆရာအပြောကြောင့် ရှောင်ကျန့်မျက်ခုံးပင့်မိလိုက်သည်။
တကယ်ကြီး ငါးကျပ်ကိုလိုက်ရှာမှာတော့မဟုတ်ဘူးမလား။
နောက်ပြီး လိုက်ရှာရအောင် ကာယဆရာကအရူးလား?

ရှောင်ကျန့် ထိုတစ်ထောင်တန်ကိုကြည့်ပြီးစဥ်းစားလိုက်သည်။ အခုသူ့စိတ်ထဲမှာ ထိုတစ်ထောင်တန်ထက် ဖြူဖွေးသွယ်လျတဲ့လက်ကလေးကို ပိုကိုင်ချင်နေမိ၏။ ထို့ကြောင့်...

"ကိုယ့်ကို ဘာလို့မုန်းနေတာလဲဆရာ..."

"မင်း..."

လက်ဖြူဖြူလေးကိုပဲ ကိုင်ဖို့တွေးထားပေမယ့် အမှတ်တမဲ့အားပါသွားတဲ့အခါ လက်ဖြူဖြူလေးအပြင် ထိုကာယဆရာကပါ အငိုက်မိပြီး သူ့ပေါ်ကိုပြိုကျလာလေသည်။

"အ့..."

ခွပ်ကနဲအသံနဲ့အတူ ပူထူသွားတဲ့နှုတ်ခမ်းထောင့်ကြောင့် ရှောင်ကျန့် နောက်ကိုယို့သွားရ၏။ ထို့ပြင်ဒေါသကပါ ထောင်းကနဲ။

သူ့အသားကိုနာအောင်လုပ်ရင် သူအသားနာတာထက်အဆပေါင်းများစွာ ပိုလုပ်တတ်တဲ့အကျင့်ကြောင့် လက်သီးကိုအော်တိုဆုပ်ထားမိလျက်သား။

ᴀ ᴍᴀɴ? ɴᴏ! ʜᴇWhere stories live. Discover now