Uni...
ရိပေါ်အခုချိန်ထိကိုယ့်ကိုကိုယ်မယုံနိုင်သေးတာက ထိုလိုညစ်ညမ်းလွန်းတဲ့ အမှိုက်လိုကောင်ကို သူကကြိုက်ခဲ့တာတဲ့လေ။
အရင်ကလည်းကြိုက်ခဲ့တယ် ကိုယ့်ကိုယ်ကိုလိမ်နေပေမယ့် အခုလည်း ကြိုက်နေတုန်းပဲ နောက်လည်းအရူးလိုစိတ်က ရှောင်ကျန့်ကိုကြိုက်နေမယ်ထင်တယ်။
အားးးးဘာလုပ်ရမလဲ?
ရှောင်ကျန့်ကိုမေ့ပြစ်ပြီး အခြားတစ်ယောက်လည်းရှာမရတာကြောင့် အရင်ကရှောင်ကျန့်ကိုမကြည့်တော့ပဲ အခုချိန်မှာသူ့ကိုချစ်ပေးတဲ့ရှောင်ကျန့်ကိုပဲယုံကြည်လိုက်ရင်ရော...
တကယ်လို့ သူ့ကိုဝန်ခံပြီးမှ အရင်လိုလူတွေလိုပါပဲဆိုပြီး ထားခဲ့ရင်ရောဘယ်လိုလုပ်မလဲ?
သူ့အကြိုက်စတိုင်လ်နဲ့ လုံးဝကွဲပြားတဲ့ရှောင်ကျန့်လိုလူကိုသူချစ်မိသွားတာအား ရိပေါ်မယုံကြည်နိုင်သေးပေ။
များပြားလွန်းတဲ့အတွေးတွေကိုခေါင်းရမ်းထုတ်ကာ သူဖျောက်ပြစ်လိုက်တယ်။
မိုးလင်းတာနဲ့ သူအိမ်ပြန်ရမည်။ ရှောင်ကျန့်ကိုတော့ ဖုန်းဆက်မခေါ်တော့ပဲ တက္ကစီငှားပြီးသာ သွားဖို့ဆုံးဖြတ်လိုက်သည်။
မနေ့ကမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် သူရှောင်ကျန့်နဲ့မျက်နှာချင်းမဆိုင်ရဲသေးဘူးလေ။
တကယ်ကို အိပ်ယာပေါ်မှာရှောင်ကျန့်လုပ်ခဲ့တဲ့လုပ်ရက်ကို ရိပေါ်ခုထိမျက်လုံးထဲကမထွက်သေး။
ဘယ်လောက်တောင်ရှက်ဖို့ကောင်းလိုက်သလဲ?
အရူးကောင်ရှောင်ကျန့်က အဲ့လိုအရှက်မရှိတာကိုလုပ်နိုင်တယ် တစ်ဆက်ထဲမှာပဲ ထိုအရူးကောင်ကို သူကြိုက်ခဲ့တာကလည်း အမှန်တရားတဲ့လေ။
တကယ်ကိုရူးချင်စရာပဲ...
.
.
.
.
.
.ရိပေါ်မရောက်တာကြာပြီဖြစ်တဲ့ လုံးချင်းတိုက်ကလေးထဲကိုဝင်လိုက်သည်။
အိမ်ထဲရောက်သွားတာနဲ့ ဆိုဖာပေါ်မှာဖုန်းကိုကြည့်ပြီးစိတ်ရှုပ်နေပုံရတဲ့အမားကိုတွေ့လိုက်ရ၏။