Uni...
"ရိပေါ် ဒေါက်တာရှောင်းနဲ့ဝေးဝေးနေနော်..."
"အင်းပါ ငါလည်းသူနဲ့မရင်းနှီးပါဘူး..."
ကွန်ဒိုဆီရောက်တဲ့အခါ အခန်းထဲမဝင်ခင်ပြောလာတဲ့ချန်းယောင်ကို သူပြန်ဖြေလိုက်သည်။ သူကိုယ်တိုင်ကလည်း ရှောင်ကျန့်နဲ့ရင်းရင်းနှီးနှီးနေဖို့အစီစဥ်မရှိတာကြောင့်။
"စောစောအိပ်နော်..."
"အေး ဘိုင့်ဘိုင် မနက်မှတွေ့မယ်..."
"အိုခေ ဘိုင့်..."
ရိပေါ် ချန်းယောင်ကိုနှုတ်ဆက်ကာ အခန်းထဲဝင်ကာ ရေချိုးဖို့ပြင်လိုက်သည်။
ပွဲထဲမှာ စိတ်ကျဥ်းကြပ်ပြီး မွှန်းကြပ်လာတာကြောင့် ရေအမြန်ချိုးဖို့လိုနေလေပြီ။ရေချိုးပြီးတာနဲ့ ကုတင်ပေါ်ကိုပက်လက်လှဲချလိုက်တယ်။ ထို့နောက် ရှောင်ကျန့်အရာနဲ့ထိတွေ့ခဲ့တဲ့ လက်ဖဝါးကိုထောင်ကြည့်လိုက်ပြီးသည်နှင့် တစ်ဆက်တည်းမှာပဲ ထိုလက်နှင့်ပင် စိုစိစိလျှာဖျားနဲ့ထိမိခဲ့တဲ့ နားရွက်ကိုပါအသာထိလိုက်မိ၏။
အမြင်ကပ်တဲ့ထိုလူအကြောင်းကိုပဲ ဘာလို့တွေးနေမိတာလဲသူမသိ။ အခုချိန်မှာ သူ့စိတ်သူ ထိန်းချုပ်လို့မရတော့သလိုပင်။ ဝန်မခံချင်ပေမယ့် သူ့အပေါ်အသားယူလွန်းတဲ့ရှောင်ကျန့်ကို ရိပေါ် စိတ်ဝင်စားနေမိပြီထင်၏။
"လူပွေလူရှုပ်၊ လူရမ်းကားရှောင်ကျန့် ငါ့အတွေးကနေ ထွက်သွားစမ်း"
ရိပေါ် အော်လိုက်ပြီး မျက်နှာပေါ်ခေါင်းအုံးကိုအသာဖွတင်ကာ အုပ်လိုက်သည်။ အရာအားလုံးအမှောင်ကျသွားလျှင် သူ့အတွေးတွေပျောက်သွားမယ်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းကျ ဖျောက်ဖျက်မရခဲ့။
သို့ပေမယ့် မကြာပါ သူ့အတွေးပုံရိပ်တွေက ဝိုးတဝါးဖြစ်သွားပြီး အရာအားလုံးပျောက်ကွယ်သွားခဲ့၏။
"........."
ဘာလဲ သူဘာလို့ဆေးပေးခန်းကို ရောက်လာရတာလဲ?
ရုတ်တရက် သူ့အိပ်ခန်းထဲကနေ ဆေးပေးခန်းထဲကို ရောက်လာတာကြောင့် ရိပေါ်ထိတ်လန့်သွားမိတယ်။
အခုနလေးတင် သူကွန်ဒိုမှာ အိပ်မရဖြစ်နေသေးတာပဲကို။ ဘာလို့လဲ?
