Part 16

1.1K 113 10
                                    

Uni...

"မဖြစ်နိုင်တာ..."

ရိပေါ် ရှောင်ကျန့်ပြတဲ့အချက်အလက်တွေကြည့်ပြီး မယုံနိုင်စွာရေရွတ်မိလိုက်သည်။

အမားမှာ သန်းချီနေတဲ့ဖဲကြွေးတွေတင်နေတယ်တဲ့လေ။

အမှန်မဟုတ်ဘူး ရှောင်ကျန့်လိမ်နေတာလို့ ငြင်းချင်ပေမယ့် အမားလောင်းကစားရုံထဲဝင်သွားတဲ့ပုံတွေအပြင် ဖဲကစားနေတဲ့ပုံတွေပါ ပြထားတာမို့ မဟုတ်ဘူးဆိုပြီး သူမငြင်းနိုင်ပေ။

"မယုံနိုင်ဘူးမလားဘေဘီ ကိုယ်တောင်အစက အံ့သြသွားခဲ့သေးတာ..."

"အိမ်ပြန်မှဖြစ်မယ်..."

အကြွေးရှင်ဖြစ်ပုံပေါ်တဲ့လူတစ်စုနဲ့ အမား စကားပြောနေတဲ့ပုံကို မြင်လိုက်ရတဲ့အချိန်မှာ ရိပေါ်ပူထူပြီး အိမ်ပြန်ရန်ပြင်လိုက်သည်။

အကြွေးရှင်တွေက ညီမလေးကိုရန်ရှာနိုင်သည်။
အမား ဘယ်လိုထိန်းချုပ်နေလဲမသိပေမယ့် အခုချိန်ထိ ဘာပြသနာမှမဖြစ်လို့တော်သေးတာပင်။

ဒီလောက်အများကြီးကို အမားဆပ်နိုင်မှာမဟုတ်။ သူ့ဆီမှာလည်း တစ်လကိုနည်းနည်းချင်း စုထားတာရှိပေမယ့် ပြည့်မှာမဟုတ်ပေ။

အဲ့တာထက် အမားကဘာလို့ သူ့ကိုဖွင့်မပြောတာရတာလဲ...

"ညဥ့်နက်နေပြီလေဘေဘီ မနက်မှသွား ကိုယ်လိုက်ပို့ပေးမယ်..."

ရိပေါ်ထွက်သွားဟန်ပြင်တော့ ရှောင်ကျန့်က ရှေ့ကနေပိတ်ရပ်ကာ တားဆီးလာခဲ့၏။

"အမားနဲ့ညီမလေးကိုစိတ်မချဘူး အိမ်ပြန်မှဖြစ်မယ်..."

"စိတ်အေးအေးထားဘေဘီ အခုချိန်ထွက်သွားရင် အမားတို့ထက်ပိုပြီးအန္တရာယ်ရှိတာက ဘေဘီနော်..."

ရှောင်ကျန့်စကားကြောင့် ရိပေါ်ကျစ်သပ်မိလိုက်သည်။
အမားတို့ကိုလည်းသူစိတ်မချချေ။

သို့ပေမယ့် အိမ်နဲ့အခုနေတဲ့နေရာနဲ့က ဝေးတာကြောင့် ရှောင်ကျန့်ပြောသလိုလည်း အန္တာရာယ်ရှိနိုင်သည်။

ထို့ကြောင့် သူမနက်မှကျောင်းကိုခွင့်တိုင်ပြီး သွားဖို့သာ ဆုံးဖြတ်လိုက်၏။

ᴀ ᴍᴀɴ? ɴᴏ! ʜᴇWhere stories live. Discover now