Part 5

1.5K 124 22
                                    

Uni...

ကျောင်းပိတ်ရက်မှာ မားမားတို့ဆီအလည်သွားလေ့ရှိတဲ့ ရိပေါ်ကအိမ်မပြန်တော့ပဲ အခန်းထဲမှာပင် အောင်းနေဖို့တွေးထား၏။
ဒီအတိုင်း ဘာမှလုပ်ချင်စိတ်မရှိသလို စိတ်တွေကလည်းဟုတ်ရောက်ဒီရောက်ဖြစ်နေ၍ပင်။

သူဘာကြောင့်ထိုလိုဖြစ်နေတယ်ဆိုတာသူကိုယ်တိုင်တောင် အဖြေရှာမရတော့ခက်သည်။

လိုင်းသုံးတော့လည်း သုံးချင်စိတ်မရှိ၊ သူငယ်ချင်းနဲ့စကားပြောတော့လည်းစိတ်မပါ၊ ဘာလုပ်ချင်လို့လုပ်ချင်နေမှန်းမသိတော့ချေ။

ထို့ကြာင့် စိတ်ငြိမ်သွားအောင် အခန်းထဲပဲနေဖို့ဆုံးဖြတ်လိုက်တာဖြစ်သည်။

စိက်ပျက်လက်ပျက် လိုင်းသုံးနေရင်း IGထဲဝင်ကာ သူကိုယ်တိုင်တောင်သတိမထားမိပဲ နာမည်တစ်ခုကို ရိပေါ်ရိုက်ရှာမိသွားသည်။

"@Xiao Zhan အာ ရိုက်ရှာတော့လည်းတွေ့တာပဲ"

ရိပေါ် အကောင့်ထဲဝင်ကာ သတိလက်လွတ် ရေရွတ်နေပြီးမှ သူ့ကိုယ်သူဘာလုပ်နေတယ်ဆိုတာ သတိရသွားပြီး ဖုန်းကိုကုတင်ပေါ်ပစ်ချလိုက်တယ်။

ဘာလုပ်နေမိတာလဲ? စိတ်ဖြတ်လိုက်မယ်လို့ဆုံးဖြတ်ထားတဲ့ရှောင်ကျန့်အကောင့်ကိုမှ  ရိုက်ရှာနေမိတယ်တဲ့လား?။ ဒါလုံးဝမဖြစ်နိုင်ဘူးလေ။

ဒါပေမယ့်...

"ဝင်လက်စနဲ့ အကောင့်ထဲသူတင်ထားတာတွေကိုကြည့်ရင်ကောင်းမလား?"

ရိပေါ်တစ်ကိုယ်တည်းပြောကာ ကုတင်အနားလေးကို ရှေ့နောက်လျှောက်ပြီး လက်သည်းကိုက်လျက် တွေးနေမိ၏။

ဒီအတိုင်း အကောင့်ထဲဝင်ကြည့်တာလေးပဲကို။ရှောင်ကျန့်အပေါ်စိတ်ရှိနေသေးလို့မဟုတ်ဘဲ ဒီအတိုင်းလေး ဝင်ကြည့်တာ...ပျင်းလို့ ခနလေးပဲ...

ဟားးး မသိတော့ဘူး နည်းနည်းလေးဖြစ်ဖြစ်ကြည့်လိုက်ရင် ဘယ်သူမှမသိလောက်ဘူးမလား?။

အတွေးနဲ့စစ်တိုက်နေတဲ့ရိပေါ်ဟာ ကုတင်ပေါ်မှာ အတိုင်းသားရှိနေတဲ့ဖုန်းနားကို တစ်ဖြေးဖြေးချင်း တိုးကပ်သွားလိုက်သည်။ လက်ထဲဖုန်းရောက်လာတာနဲ့ မဆိုင်းအတွနဲ့ပဲ followerတွေ100kကျော်တဲ့ နှိပ်ပြီးသားအကောင့်လေးထဲဝင်ကာ သူတင်ထားတာတွေကို ဆွဲကြည့်လိုက်သည်။

ᴀ ᴍᴀɴ? ɴᴏ! ʜᴇWhere stories live. Discover now