Uni...
"......"
နေ့လည်စာမစားပဲ သူ့ကိုစိုက်ကြည့်နေတဲ့သူကြောင့် ရိပေါ်နေရခက်နေရသည်။
သို့ပေမယ့် ထိုနေရခက်မှုကို သူ့ရဲ့ဆူပုတ်ပုတ်မျက်နှာဘေးနဲ့ ဖုံးကွယ်ထား၏။အမားနဲ့ညီမလေးအကြောင်းပြောမယ်ဆိုလို့သာ သူရှောင်ကျန့်နဲ့လိုက်လာခဲ့တာပင်။
သူ့ကိုဖွင့်ပြောထားပြီး လိုက်နေတယ်လို့အသိပေးထားတဲ့သူနဲ့အတူရှိနေတာက နေရခက်စရာပဲမလား။
"အမားတို့အကြောင်းပြောမယ်ဆိုတာဘာလဲ..."
သူ့ကိုစိုက်ကြည့်နေတဲ့ရှောင်ကျန့်ကြောင့် ရိပေါ်ခပ်တည်တည်ပဲမေးလိုက်တယ်။
သူမှစကားမစရင် ရှောင်ကျန့်ကအမေ့ခံပြီး ပြောတော့မှာမဟုတ်ပေ။သူနဲ့အတူစားချင်လို့ လုပ်ကြံပြီးပြောတာသာဆို ရှောင်ကျန့်ကို ရိပေါ်ဆဲဆိုပြီးထုရိုက်ဖို့အတွက်အဆင်သင့်ပင်။
ထို့ပြင် အခုအခြေအနေက ရှောင်ကျန့်ကြည့်ဖို့ကို သူကမော်ဒယ်အနေနဲ့အလှပြနေရသလိုမျိုးတောင် ဖြစ်နေတာလေ။
"ချစ်တယ်..."
"ခွေးကောင် မင်းလာနောက်နေတာလား..."
ရုတ်တရက် ချစ်တယ်ဆိုတဲ့စကားကို ကောက်ခါငင်ခါပြောလာတဲ့ ရှောင်ကျန့်ကြောင့် ရိပေါ်ပူထူသွားရသည်။
ထို့ကြောင့် အဆဲနဲ့အတူ ရှောင်ကျန့်ကိုရိုက်ဖို့ လက်ကပါရွယ်ထားလျက်။
"အာ့ မဟုတ်ဘူး မနောက်ပါဘူး ဘေဘီရဲ့..."
သူရိုက်ဖို့လက်ရွယ်လိုက်တော့ မျက်နှာကိုလက်နဲ့ကာထားရင်ပင် ရှောင်ကျန့်ကပြန်ဖြေလာ၏။
မသိရင်သူကပဲနှိပ်စက်နေကျပုံစံကြီးနဲ့ပင်။
ဘေးဝိုင်းကလူတွေကပါ လှည့်ကြည့်လာကြတာကြောင့် ရိပေါ်ခုံပေါ်ပြန်ထိုင်လိုက်ပြီး ရှောင်ကျန့်ကို မျက်စောင်းထိုးကာ စိုက်ကြည့်နေလိုက်တယ်။
"ကိုယ့်အတွက် ဘေဘီ့မျက်နှာလေးနဲ့ ချစ်တယ်ဆိုတဲ့စကားလုံးနဲ့က ဒွန်တွဲနေလို့ ယောင်သွားတာပါဘေဘီ့ရဲ့ စိတ်ကြီးလိုက်တာ..."
![](https://img.wattpad.com/cover/358759438-288-k172363.jpg)