Uni...
"......"
ပင်ပန်းမှုကြောင့် အနည်းငယ်ဖြူဖျော့နေတဲ့ဝမ်ရိပေါ်မျက်နှာလေးကို ရှောင်ကျန့်မှေးထောက်ကာ စူးစိုက်ကြည့်နေမိ၏။
ရုတ်တရက် သူသိပ်ထိတွေ့ချင်တဲ့နဖူးပြင်လေးကို ကြည့်ချင်လာတာကြောင့် ရှေ့ကိုကျနေတဲ့ဆံနွယ်လေးတွေအား ရှောင်ကျန့်အထက်သို့လှန်တင်လိုက်တယ်။
လှန်တင်လိုက်တဲ့အခါ ပေါ်လာတဲ့နဖူးပြင်လေးက အနမ်းပေးချင်စိတ်ဖြစ်ပေါ်လာသည်အထိ ချစ်ဖို့ကောင်းပါသည်။
ထို့ကြောင့် ရှောင်ကျန့် စိတ်မြန်လက်မြန် ထိုနဖူးလေးအား မွကနဲမြည်အောင်နမ်းရှိုက်မိလိုက်၏။
နို့နံ့သင်းနေတဲ့ ဝမ်ရိပေါ်ရဲ့ကိုယ်သင်းနံ့လေးကြောင့် စိတ်ကြည်လင်သွားသလိုပင်။"......."
သူထိုနဖူးလေးကို လက်ညိုးလေးနဲ့အသာထိတွေ့နေမိ၏။
နဖူးလုံးလုံးလေးက ဒီလောက်ကြည့်ကောင်းနေတာကို ဘာလို့ဆံပင်တွေနဲ့ဖုံးထားရတာလဲ?
ရှောင်ကျန့် အိပ်ပျော်နေသေးတဲ့ဝမ်ရိပေါ်ရဲ့ မျက်နှာလေးကို အားမနာစတမ်း ပြန်လည်စူးစမ်းကြည့်လိုက်သည်။
မျက်တောင်တိုတိုစိပ်စိပ်လေးတွေကအစ သူအနမ်းကြောင့်ဖူးယောင်နေတဲ့ နှုတ်ခမ်းဖူးဖူးလေးတွေအဆုံးပင်။
သူ့ကိုမြင်တိုင်း တွန့်ကောက်နေတတ်တဲ့မျက်ခုံးတန်းလေးဟာလည်း အခုချိန်မှာ ပုံမှန်အနေအထားလေးအတိုင်း ပြေပြေပြစ်ပြစ်လေးရှိနေလေသည်။
ဒီလောက်မာနကြီးတဲ့သခင်လေးကို သူနှစ်ခါတောင်ထိတွေ့ခွင့်ရတာအား ဂုဏ်ယူရမလိုတောင်ဖြစ်နေလေသည်။
ဓာတ်ပုံနဲ့အပြင်နဲ့ကသိပ်မကွာပေမယ့် အပြင်မှာရှိနေတဲ့ ဝမ်ရိပေါ်လေးကိုတစ်စိမ့်စိမ့်ကြည့်နေရတာက ပိုအရသာရှိလေသည်။
"ကျစ်! ဘယ်သူလဲကွာ..."
တစ်စိမ့်စိမ့်ကြည့်နေရင်း ရုတ်တရက်မြည်လာတဲ့ဖုန်းသံကြောင့် ရှောင်ကျန့်ကျစ်သပ်ကာ ရေရွတ်မိလိုက်တယ်။
ဖုန်းသံကြောင့် ဝမ်ရိပေါ်လေး လန့်နိုးလာမှာလည်း စိုးရသေးသည်။
ထိုကောင်လေးကနိုးတာနဲ့ထွက်ပြေးတတ်တဲ့ အကျင့်လေးရှိတာကြောင့်ပင်။