Uni...
"ကျစ်..."
အဝတ်အစားလဲနေရင်း အဆက်မပြတ်မြည်နေတဲ့ဖုန်းခေါ်ဆိုမှုတွေကြောင့် ရိပေါ်စိတ်ရှုပ်စွာ ကျစ်သပ်မိလိုက်တယ်။
"ဟယ်လို.."
သုံးကြိမ်မက မကိုင်ပဲနေတာတောင် ဆက်တိုက်မြည်နေသေးတဲ့ဖုန်းသံကြောင့် ကိုင်လိုက်ရခြင်းဖြစ်၏။ ဆက်တဲ့နံပါတ်ဟာလည်း သူမသိတဲ့နံပါတ်ပင်။
ကျိုးကျူးရန်ရဲ့ကြိုဆိုပွဲကိုနောက်ကျနေတာကြောင့် ပြင်ဆင်နေရတဲ့အတွက် အခုလိုဖုန်းဆက်တိုက်ခေါ်နေတဲ့သူအား စိတ်ကတော့သိပ်မကြည်ချင်။
"......."
"ဟယ်လို ဘယ်သူလဲ..."
"......"
ဒုတိယအကြိမ်အထိ ပြန်မဖြေပဲ တိတ်ဆိတ်နေသေးတဲ့တစ်ဖက်ကလူကြောင့် ရိပေါ်ဒေါသထွက်လာပြီဖြစ်၏။
"ဟ ဘာလဲ ဘာမှပြောစရာမရှိရင်ဘာလို့လာဆက်နေသေးလဲ?တစ်ဖက်လူကအလုပ်ရှုပ်နေလား မရှုပ်နေလားဆိုတာကို မတွေးမိဘူးလား? နားမလည်ဘူးလား? လူ့ကျင့်ဝတ်ကို..."
"ကိုယ်ပါ..."
ရိပေါ် စိတ်တိုတိုနဲ့တစ်ဖက်ဖုန်းထဲကလူအား အပြစ်ပြောနေခိုက် ထပြောလာတဲ့ထိုလူကြောင့် သူ့စကားဟာမဆုံးလိုက်ပါ။
ထို့ပြင် သူဘာစကားမှထပ်မစတော့ပဲ တံတွေးကိုသာမြိုချမိနေ၏။ထိုအသံကြီးကို သူရင်းနှီးနေတယ်လေ။
"ဟော တိတ်သွားပြီလား? ဘေဘီကကိုယ့်ကိုရန်ပဲတွေ့တတ်တာလား ဟမ်? နေပါအုန်း အဲ့လူ့ကျင့်ဝတ်ဆိုတာကြီးက ဘေဘီ့ရဲ့လက်သုံးစကားထင်တယ်နော်..."
ရိပေါ်ဘာစကားမှပြန်မပြောမိပေမယ့် စိတ်ထဲကနေတော့ရန်ပြန်တွေ့နေမိ၏။ အခုလို ဖုန်းမကိုင်ပဲနေရင် လူ့ကျင့်ဝတ်ကိုနားလည်တဲ့သူဆို ထပ်ခါထပ်ခါဆက်ပါ့မလား?။
မဟုတ်သေးဘူး ဆက်တဲ့လူကရှောင်ကျန့်ဖြစ်နေတာကိုမေ့သွားတာပဲ။ ရှောင်ကျန့်ကဘယ်တုန်းကမှ လူလိုမသိခဲ့တာ။
တစ်ဆိတ်လောက် ရှောင်ကျန့်ကသူ့ဖုန်းနံပါတ်ကိုဘယ်လိုရသွားတာလဲ?
"မင်းငါ့ကို Stalkerလုပ်နေတာလား?"
စိတ်ထဲကသံသယနဲ့အတူ ရိပေါ် အပြင်ကိုထုတ်မေးမိသွားချေတယ်။
ထိုအခါ ရှောင်ကျန့်ရဲ့လှောင်ရယ်သံတစ်ချက်ကို ဖုန်းထဲကတစ်ဆင့်ကြားလိုက်ရ၏။