Uni...
"ဟင်!!..."
ရိပေါ်ကွန်ဒိုဆီပြန်ရောက်တဲ့အချိန် တံခါးရှေ့မှာ ထိုင်လျက်အိပ်ပျော်နေတဲ့ ချန်းယောင်ကိုတွေ့လိုက်ရတာကြောင့် ထိတ်လန့်သွားမိ၏။
မဟုတ်မှလွဲ တစ်ညလုံးထိုင်စောင့်နေတာများလား?
"ချန်းယောင် ထတော့ ချန်းယောင်..."
"အင် ဟင် ရိပေါ်!!...
မင်းတစ်ညလုံးဘယ်ရောက်နေတာလဲ? နောက်ပြီး ငါဖုန်းဆက်တာဘာလို့မကိုင်တာလဲ? ဟင် တစ်ခုခုဖြစ်လို့လား? ငါမင်းကိုစိတ်ပူနေတာကွ..."သူ့ကိုမြင်တာနဲ့ မတ်တပ်ရပ်ကာ ပုခုံးကနေကိုင်ပြီး သူ့တစ်ကိုယ်လုံးကို စုံချည်ဆန်ချည်ကြည့်လျက်မေးလာတဲ့အမေးတွေကြောင့် ချန်းယောင်အပေါ်အားနာမှုနဲ့အတူ ရိပေါ်မျက်ရည်ဝဲလာမိ၏။
ချန်းယောင်ကတစ်ညလုံး စိတ်ပူနေပေမယ့် သူကတော့ သူကတော့ရှောင်ကျန့်နဲ့တစ်ညလုံးဆက်ဆံနေတယ်တဲ့လေ။ ထို့ပြင် အခုလိုစိတ်ပူနေတဲ့ချန်းယောင်ရဲ့ပုံစံက သူကိုယ်သူ သစ္စာဖောက်တစ်ယောက်လိုခံစားရစေသည်။
"ဟင်! ဘာဖြစ်တာလဲ? ဘာလို့ငိုနေတာလဲ? မင်းကိုဘယ်သူဘာလုပ်လို့လဲ? ဟာကွာ ငါ့အမှားပါ မင်းကိုတစ်ယောက်ထဲထားပြီး သွားမကသင့်ဘူး အင့်..."
ရိပေါ်စကားတွေဆက်တိုက်ပြောနေတဲ့ ချန်းယောင်ကိုယ်ကိုသိုင်းဖက်လိုက်တယ်။
ချန်းယောင်ရဲ့အခုလိုစိတ်ပူစကားတွေ ကြားလေလေ သူပိုပြီးငိုချင်လာလေပင်။"......"
သူ့အပြုအမူကြောင့် ခနလောက် စကားတွေရော လှုပ်ရှားမှုတွေပါ ရပ်သွားတဲ့ချန်းယောင်က မကြာပါ သူ့ကိုပြန်သိုင်းဖက်လာပြီး ကျောပြင်ကိုလည်းလက်နဲ့အသာပွတ်ပေးနေသေး၏။
"မင်းဘေးမှာငါရှိတယ်နော် ဘာမှမဖြစ်ဘူး..."
"အင့်! ကျေးဇူးတင်ပါတယ် ချန်းယောင် ဟင့်!..."
ရိပေါ် ချန်းယောင်ရဲ့ပုခုံးပေါ်ကို မျက်နှာအပ်ကာ စိတ်လွတ်ကိုယ်လွတ် ငိုချမိလိုက်၏။ ညကအဖြစ်အပျက်တွေ အားလုံးဖြစ်စေတာက သူကိုယ်တိုင်ကြောင့်ပင်။