Part 14

1.7K 127 18
                                    

Uni...

"ဘေဘီ့!!"

ကျောင်းအုပ်ကြီးနဲ့ စကားပြောနေခိုက် ကြားလိုက်ရတဲ့အသံကြောင့်ရိပေါ်မျက်လုံးတွေကို ဖိမှိတ်လိုက်ပြီး အသက်ကိုပြင်းပြင်းရှူထုတ်လိုက်တယ်။

ထိုနေ့ပြီးကတည်းက သူ့နောက်ကို အမြဲတစ်ကောက်ကောက်လိုက်နေတဲ့ရှောင်ကျန့်က ပတ်ဝန်းကျင်ကိုလည်းဂရုမစိုက်ချေ။

ဘယ်နေရာမှာ ဘယ်သူနဲ့ပဲရှိပါစေ ဘေဘီလို့အမြဲတမ်းခေါ်တတ်ပြီး ပြောသင့်တဲ့စကားဟုတ်မဟုတ်ဆိုတာလည်းမစစ်ဆေးပါ။

သူ့ရဲ့ထိုလိုအပြုအမူတွေကြောင့် ရိ​ပေါ်ကရှက်ရပေမယ့် ရှောင်ကျန့်ကတော့ ဘာကိုမှဂရုမစိုက်ပဲ သူလုပ်ချင်ရာသာဇွတ်လုပ်တတ်သည်။

ထိုလိုလုပ်ရတဲ့အကြောင်းပြချက်ဟာလည်း သူ့ကိုလိုက်နေတယ်ဆိုတဲ့စကားကလွဲ အခြားမရှိ။

မတွေ့မိအောင် နေကြမယ်လို့ပြောထားကာမှ အမြဲမပြတ် အကြောင်းမရှိအကြောင်းရှာပြီးကို လာနေတာပင်။

"ဒေါက်တာရှောင်း ဘာကိစ္စရှိလို့လဲ?"

ရိပေါ်ကသာ မျက်မှောင်ကြုတ်လျက် ရှောင်ကျန့်ကိုလှည့်မကြည့်ပဲနေနေပေမယ့် ကျောင်းအုပ်ကြီးကတော့ ရိုရိုကျိုးကျိုးပြုံးကာ ရှောင်ကျန့်အား နှုတ်ဆက်ပြီးနေပြီဖြစ်သည်။

သူကဘာမိုလို့ ဒီလောက်ထိအရေးပေးခံနေရလဲဆိုတာ ရိပေါ်နားမလည်။

"ဘေဘီ့ကိုလွမ်းလို့ လာတွေ့တာ..."

"......"

ရှောင်ကျန့်စကားကြောင့် ရိပေါ်ဆက်ကနဲသူ့ဘက်ကိုလှည့်ကြည့်လိုက်ပြီး မျက်ခုံးတွေကိုလည်း တွန့်ချိုးပြစ်လိုက်တယ်။

ကျောင်းအုပ်ကြီးရဲ့ရှေ့မှာတောင် မလေးမစားနဲ့ အရှက်မရှိတဲ့ရှောင်ကျန့်မျက်နှာကို သူလက်သီးတွေနဲ့ပိတ်ထိုးပြစ်ချင်နေတာပင်။

"အော် ဟ ဟ ကျောင်းသားတွေပြောနေတဲ့စကားတွေက တကယ်မှန်တာပဲ...
ဒါဖြင့် ဒီအဘိုးကြီးကရှောင်ပေးလိုက်မယ်နော် ဟ ဟ..."

ရှောင်ကျန့်ရဲ့အပြောအဆုံးမှာ ဘာကိုသဘောပေါက်သွားမှန်းမသိတဲ့ ကျောင်းအုပ်ကြီးက ရယ်ရယ်မောမောပြောလျက် ထွက်သွားလေသည်။

ᴀ ᴍᴀɴ? ɴᴏ! ʜᴇWhere stories live. Discover now