Uni...
"ရိပေါ် ဗိုက်အောင့်တာကရုတ်တရက်ကြီးဘယ်လိုဖြစ်တာလဲ? ငါစိတ်ပူလို့လိုက်လာခဲ့တာ..."
ဆေးပေးခန်းထဲကနေထွက်လာပြီး လမ်းတစ်ဝက်မှာတင် ချန်းယောင်နဲ့တိုးလာတာကြောင့် ရိပေါ် ပျာယာခတ်နေတာကို အမြန်ထိန်းလိုက်ရသည်။
ထို့နောက် စိုးရိမ်နေတဲ့ချန်းယောင်အား ကြည့်ကာပြန်ဖြေရန်ပြင်လိုက်တယ်။
သူ့အမူအယာကိုကြည့်ရုံနဲ့ ဘာဖြစ်လဲဆိုတာကို ရိပ်မိတတ်တဲ့ချန်းယောင်ကြောင့် သူသတိထားဖို့လိုတယ်လေ။
"အခုအဆင်ပြေသွားပြီ ဘာမှမဖြစ်ဘူးမစိုးရိမ်တော့နဲ့..."
"တကယ်လား..."
အမေးနဲ့အတူ သူ့ခန္ဓာအား စကန်ဖတ်သလို အထက်အောက်စုံအောင်ကြည့်ကာမေးလာတဲ့ ချန်းယောင်ကြောင့် ရိပေါ် စိတ်မလုံစွာ ရှောင်ကျန့်ကိုက်လိုက်တဲ့ လည်တိုင်နားကို လက်နဲ့ပွတ်လိုက်မိတယ်။
အရာတော့မထင်လောက်ဘူးမလား?
"အင်္ကျီကလည်းတွန့်ကြေနေတာပဲ"
"ဟင် အဲ့တာ ဟို ဟို..."
"ကျစ်! ပိတ်ရက်မှာမင်းအခန်းကိုလာပြီး ထိန်းသိမ်းဖို့လိုနေပြီထင်တယ်..."
"ဟင်..."
သူ ပြန်ဖြေရခက်နေခိုက်ထပြောလာတဲ့ ချန်းယောင်စကားကြောင့် ရိပေါ် အံ့သြသွားမိသလို စိတ်သက်သာရာလည်းရသွား၏။
ချန်းယောင် ဘာအတွေးမှမဝင်လို့တော်သေးသည်။"ဟ ဟ မင်းမှမလာရင် ငါဝတ်စရာရှိတော့မယ် မထင်ဘူး..."
"အပိုတွေကပြောပြန်ပြီ..."
"အဟင်း သွားကြတော့မလား..."
"အေး..."
ဝမ်ရိပေါ်ဆိုတဲ့လူသားက စည်းကမ်းတကျနေထိုင်တတ်ပြီး စည်းစနစ်ရှိတာကို ချန်းယောင်မေ့သွားတာလားဆိုတာ သူကိုယ်တိုင်သာသိလိမ့်မည်။
.
.မျက်နှာချင်းဆိုင်စီရီထားတဲ့ ဆက်တီခုံတွေပေါ်မှာ ထိုင်နေကြတဲ့ဆရာဆရာမများ။ ထိပ်ဆုံးမှာရှိနေတဲ့ခုံပေါ်မှာတော့ ကျောင်းအုပ်ကြီးက မတ်တပ်ရပ်ကာ တစ်စုံတစ်ခုကို ပြောရန်ပြင်နေလေသည်။