Uni...
"ငါ့မျက်လုံးတွေ မင်းရဲ့တောက်ပမှုကြောင့် ကန်းတော့မှာလားမသိဘူး... ရိပေါ် မင်းဒီဝတ်စုံလေးနဲ့အရမ်းလိုက်တာပဲ ဘယ်သူရွေးပေးတာပါလိမ့်..."
တိုက်ခန်းကနေထွက်ထွက်ချင်း ပြောလာတဲ့ချန်းယောင်စကားကြောင့် ရိပေါ်ခေါင်းသာယမ်းလိုက်တော့သည်။
သူက ရှားနှစ်ရောင်ဘောင်းဘီရှည်လေးကို အပေါ်ကဆင်စွယ်ရောင်လက်ရှည်နဲ့တွဲဝတ်ထားတာပင်။ ခါတိုင်းဝတ်နေကျနဲ့မတူပဲကွဲထွက်နေတာကတော့အမှန်။
ဒါကလည်း ချန်းယောင်ရွေးဝယ်ပေးတဲ့ဝတ်စုံသာဖြစ်လေ၏။
ရိပေါ်မှာအမေနဲ့ညီမလေးတစ်ယောက်ရှိပေမယ့် ချန်းယောင်ကတော့ အဖေရောအမေပါမရှိတဲ့အပြင် တစ်ကောင်ကြွက်ဖြစ်တာကြောင့် သူ့အားခင်တွယ်လေသည်။
သာမန်မိသားစုဖြစ်တဲ့သူတို့က ချန်းယောင်အပေါ် ကိုယ့်မိသားစုဝင်တစ်ယောက်လို ကူညီဖေးမပေးတာကြောင့်လည်းပါလိမ့်မည်။
ထို့ပြင် သူ့တို့ကိုပေးတဲ့ ကျောင်းရဲ့လစာက မနည်းတာကြောင့် တစ်ကိုယ်တည်းနေတဲ့ချန်းယောင်အတွက် ပိုလျှံနေတတ်သည်။ ထို့ကြောင့် ရိပေါ်အတွက်ယခုလိုမျိုးလည်း မကြာမကြာဝယ်ပေးတတ်ပါသေး၏။
"အပိုတွေပြောမနေနဲ့ နောက်ကျလိမ့်မယ် သွားရအောင်..."
"Ok Ok..."
ဆိုင်ကယ်ဆီရောက်တော့လည်း ချန်းယောင်က Helmetကိုသူကိုယ်တိုင်တပ်ပေးတာကြောင့် ရိပေါ်မှာငြိမ်ခံနေရပြန်တယ်။
ရိပေါ်တို့နှစ်ယောက်ကမွေးနေ့ပွဲကို ချန်းယောင်ရဲ့YAMAHAနဲ့သွားမှာပင်။
.
.
."Happy Birthdayပါမွေးနေ့ရှင်လေး..."
"ကျေးဇူးတင်ပါတယ် ဦးဦး..."
သူလက်ဆောင်ကိုထုတ်ပေးပြီး ပြောလိုက်တဲ့အခါ 5နှစ်ပြည့်သွားတဲ့ကလေးလေးက သူ့အား90°အထိ ကိုယ်ကိုကိုင်းညွှတ်လာလျက် ကျေးဇူးတင်လာချေ၏။
လိမ်မာပြီး ချစ်စရာကောင်းတဲ့ကျောင်းအုပ်ကြီးရဲ့သမီးလေးကြောင့် ရိပေါ်သွားတွေပေါ်သည်အထိ ပြုံးလိုက်မိပြီး ဂါဝန်ဖားဖားလေးဝတ်ထားတဲ့မွေးနေ့ရှင်လေးရဲ့ ခေါင်းကိုလည်းအသာပွတ်ပေးမိလိုက်သည်။