Part 6

1.3K 119 17
                                    

Uni...

အခန်းကိုအမှောင်ချထားပြီး ပြိုးပြိုးပျက်ပျက်မီးရောင်စုံတွေအောက်မှာ ဆွဲဆောင်မှုရှိရှိ ဝတ်ဆင်ထားတဲ့ ယောကျ်ား၊မိန်းမအားလုံးက sexyကျကျ djတီးလုံးသံနဲ့အတူ စီးမြောကာကနေကြလေသည်။

"မင်းဘာသောက်မှာလဲ? ထုံစံအတိုင်းကော့တေးပဲမှာလိုက်ရမလား?"

"အင်း..."

အမှောင်ဘက်ရောက်သည့် ထောင့်ကျကျ စားပွဲဝိုင်းမှာထိုင်လိုက်သည်နှင့်မေးလာတဲ့ ချန်းယောင်ကို ရိပေါ်ပြန်ဖြေလိုက်သည်။

အခန်းတစ်ခုလုံးကို ကြီးစိုးနေတဲ့djသံတွေကြောင့် သူတို့အော်တော့ပြောနေရ၏။

"ဒါဆို ငါသွားမှာလိုက်မယ် ဒီမှာပဲစောင့်နေနော်..."

"အင်း..."

သူ့ကိုမှာကာ ကောင်တာဘက်ထွက်သွားတဲ့ ချန်းယောင်ကိုရိပေါ်အသာကြည့်ကာ ငိုက်စိုက်ဆောင်းလာတဲ့ ဦထုပ်အဝိုင်းကို ချွတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။

ထို့နောက် လက်ထိပ်တွေနဲ့ စားပွဲပေါ်ကို အသာခေါက်နေရင်း ကနေတဲ့လူတွေဆီအကြည့်ပို့လိုက်တယ်။

ဟင်!!!

ရုတ်တရက် လူအုပ်ကြီးထဲမှာ ကနေတဲ့အတွဲတစ်တွဲဆီ အကြည့်ရောက်မိခိုက် ရိပေါ်အံ့သြသွားရသည်မှာ အသံတောင်ထွက်လာသည်အထိပင်။

လူတွေအလယ် ရှောင်ကျန့်က ကောင်လေးတစ်ယောက်ရဲ့ခါးကိုလက်နှစ်ဖက်နဲ့ကိုင်ထားပြီး ထိုကောင်လေးကတော့ ရှောင်ကျန့်ပုခုံးပေါ်လက်တင်ထားလေသည်။

ရှပ်လက်ရှည်အမဲကို ကြယ်သီးနှစ်လုံးလောက်ဖြုတ်ထားတဲ့ရှောင်ကျန့်က ကြွက်သားအပြည့်နဲ့ ရင်ဘတ်ကြီးကို တမင်လှစ်ဟပြနေသလိုပင်။

လက်ကိုလည်းသေချာမခေါက်ပဲ ဖြစ်သလိုတစ်ချက်ထဲဆွဲတင်ထားတဲ့ ပုံစံက ရှောင်ကျန့်လက်မောင်းကြီးတွေနဲ့မှ လိုက်ဖက်နေသယောင်။

ဘေးတိုက်အနေအထားကြောင့် သူတို့နှစ်ယောက်လုံးရဲ့မျက်နှာကို မီးရောင်စုံတွေကြားမှာ ရိပေါ် သေချာမြင်ရ၏။
ဟိုနေ့ကကျောင်းမှာလာတွေ့တဲ့ကောင်လေး မဟုတ်တာကိုလည်း သူသတိထားမိပါသေးသည်။

ᴀ ᴍᴀɴ? ɴᴏ! ʜᴇWhere stories live. Discover now