Chapter-2(Unicode)

1.2K 86 22
                                    

သလွန်းအိမ်တော်ထဲသို့နောက်ထပ်မောင်းဝင်လာသောအဆင့်မြင့်ပြိုင်ကားတစ်စီး၊ဖက်ဖူးစိမ်းရောင်ပြိုင်ကားလေးက သလွန်းအိမ်တော်၏
သခင်လေး ညို့ရိုင်းသွင်ရဲ့
ကားများထဲမှတစ်စီးဖြစ်လေသည်။

သူကကားထဲမှထွက်လာပြီး ပတ်ဝန်း
ကျင်အားဂရုမစိုက်ဟန်ဖြင့်
ပီကေဝါးရင်း အိမ်တော်ထဲသို့
ခပ်မိုက်မိုက်ခြေလှမ်းတွေနဲ့ဝင်လာခဲ့တယ်။

I belong you~You have no right to hate me~Ohh

အနက်ရောင်ကျောပိုးအိတ်ထဲမှ မြည်းလာသောဖုန်းသံကြောင့်
ညို့ရိုင်းသွင်က လမ်းလျှောက်ရင်းနဲ့ပဲ
ကျောပိုးအိပ်ကိုရှေ့ပို့လိုက်ပြီး၊
ဖုန်းကိုထုတ်လိုက်တော့။

မြင်လိုက်ရတဲ့phone contactsကြောင့်
မကိုင်တော့ပဲ ထိုအတိုင်းသာ

"ပြန်လာပြီလား။"

ဒေါ်ခင်နန်းဆွေရဲ့အမေးကို အာရုံမစိုက်ပဲ သူ၏အခန်းရှိရာသို့သာ
ဒေါ်ခင်နန်းဆွေအားလေဟာနယ်တစ်ခုလိုသတ်မှတ်လိုက်ပုံရသည်။

ဒေါ်ခင်နန်းဆွေဟာလဲဘာမှထပ်မပြောတော့ပဲ ထိုအတိုင်းသာ ဆက်၍ကြည့်နေမိသည်။

ဒီကောင်လေးက မောင့်အကိုရဲ့မွေးစားသားတစ်ယောက်၊ ဂျစ်ကန်ကန်နိုင်ပေမယ့်ဒီကောင်လေးကလိမ်မာတယ်လို့ခင်ထင်နေမိတယ်။

ခင့်ရဲ့သားတစ်ယောက်လိုသဘောထားပြီးနွေးထွေးပေးနေပေမယ့် ၊သူကခင့်အားမလိုလားပေ၊ခင်ဟာလည်းသူ့အပေါ်မကောင်းသည့်အရာမလုပ်ဖူးပေ၊ ထပ်ပြီးပြောရရင် သူ့ကိုမကောင်းတာတောင်မတွေးဖူးဘူး။

ချိန်းကြိုးမင်းရေချိုးပြီးပြီဖြစ်၍
အောက်ထပ်သို့ဆင်းရန်အပြု
လှေကားထိပ်တွင် ထိုကလေးနှင့်ဆုံသည်။

"ဦးချိန်း အလုပ်ကပြန်လာတာကြာပြီလားဟင်"

ဦးချိန်းကသူ့အား တစ်ချက်မျှစိုက်
ကြည့်ပြီးနောက် လက်မှပတ်ထားသော
နာရီအားကြည့်နေလေသည်။

•ဒီလိုပုံကလေ လက်ရာမြှောက်တဲ့ပန်းပု
ရုပ်လေးလိုပဲ၊ဦးချိန်းက လိုအပ်ချက်မရှိ ၊ချွင်းချက်ရှာလို့ပေမရအောင် ပြည့်စုံလွန်းသည်။•

Classic Change(ချိန်း)Where stories live. Discover now