Chapter-8(Unicode)

716 34 2
                                    

ခလောက်~(တံခါးဖွင့်သံ)

တံခါးဖွင့်သံကိုကြားလိုက်ရသော
ချိန်းသည် နိုးနေပါသောလည်း
အိပ်ချင်ယောင်ဆောင်နေမိသည်။

passwordရိုက်နေသော သူက
လျှင်မြန်စွာ ရိုက်ပြီးနောက်
သူ့ဘက်ကိုလှည့်ကြည့်လာပြီး

"ဦးချိန်း"

ပြန်ထူးချင်းမရှိသောကြောင့် လှည့်
ကြည့်လိုက်တော့ အိပ်နေသေးတာပဲ

"နေမကောင်းဘူးထင်တယ်၊"

သူကချိန်း ရဲ့နှာဖူးကို ဖွဖွလေးကိုင်
လာသည်။

"နွေးနေတာပဲ၊မောင်လေ မောင့်ချိန်း
ကိုသိပ်ချစ်တာပဲသိလား"

မောင့်ချိန်းတဲ့လား ဒီအသုံးအနှုန်းကို
သူတစ်ခါမှမကြားဖူးဘူးလေ။
ဒီကောင်လေးကအခုမှ​သုံးတာလား
သူကပဲအခုမှသိတာလား။

"မောင်ဒီလိုသိမ်းထားတာကသက်မဲ့မဟုတ်မှန်းသိပါတယ်"

အိပ်ချင်ယောင်ဆောင်နေသော
ချိန်း၏မျက်တောင်များလှုပ်သွားမိသည်။

သို့သော်စကားပြောနေသူကတော့
သတိမထားမိ..

"ဒေါ်ခင်နန်းဆွေ နဲ့ဟန်ဆောင်လက်ထပ်
ထားတာဆိုတာလဲ မောင်သိသား"

သူသိနေတယ်၊သူသိနေရင်ဘာလို့
ဒီကိုခေါ်လာတာလဲ။

"မောင်ကသိရက်နဲ့တောင် သိပ်သဝန်
တိုနေမိတာ"

"မောင့်ရဲ့သစ်ရွက်စိမ်းလေး"

သစ်ရွက်စိမ်းတဲ့လား ဘာလို့သူ့ကို
ဒီလိုခေါ်တာလဲ။ကလေးကလား။

"မောင့်ကိုခင်ဗျားမချစ်မှန်းသိပါတယ်၊
မောင်စွန့်လွှတ်ဖို့တွေးခဲ့သေးတယ်။"

"....."

"ဒါပေမယ့်မရဘူးတဲ့"

"မင်းပင်ပန်းမှာပေါ့..ငါ့ကို့ချစ်ရတာ
မင်းအတွက်သိပ်ပင်ပန်းလိမ့်မယ်"

"နိုးလာပြီလား၊ဘာစားမလဲ"

"စကားလမ်းကြောင်းမလွဲနဲ့
ညို့ရိုင်းသွင်၊အားလုံးကိုသိနေရက်နဲ့
မင်းဒီလိုရူးမိုက်နေတာမင်းအတွက်
အဆုံးသတ်ကောင်းလိမ့်မယ်ထင်လား"

Classic Change(ချိန်း)Where stories live. Discover now